သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားနယ်မြေပေါ် တရုတ်တိုက်လေယာဉ်တွေ ပျံသန်း


အငြင်းပွားဖွယ်ဖြစ်နေတဲ့ Senkaku ကျွန်းစုတွေ
အငြင်းပွားဖွယ်ဖြစ်နေတဲ့ Senkaku ကျွန်းစုတွေ

ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက သူတို့ပိုင်တယ်လို့ ပြောနေတဲ့ အရှေ့တရုတ်ပင်လယ်ထဲက အငြင်းပွားနယ်မြေအထက်မှာ တရုတ် စစ် လေယာဉ်တွေ ပျံသန်းခဲ့တာနဲ့ပတ်သက်လို့ ဂျပန်အစိုးရက ဒီကနေ့ တရုတ်ကို သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံက Diaoyu လို့ခေါ်ပြီး သူတို့ ပိုင်ဆိုင်ကြောင်းပြောထားတဲ့၊ ဂျပန်အစိုးရထိန်းချုပ်ရာ Senkaku ကျွန်းစုတွေရဲ့ အရှေ့ဘက် Miyako ရေလက်ကြားမှာ တရုတ် စစ်လေယာဉ်တွေ မနေ့က တနင်္ဂနွေနေ့မှာ ပျံသန်းခဲ့တာပါ။

ဒါဟာ လေယာဉ် အစင်း ၄၀ လောက်ပါဝင်တဲ့ တရုတ်ရဲ့ ပုံမှန် စစ်ရေးလေ့ကျင့်မှု တစိတ်တပိုင်း ဖြစ်တယ်လို့ တရုတ်အစိုးရ အရာရှိတွေက ပြောပါတယ်။ Miyako ရေလက်ကြားမှာ တရုတ် လေယာဉ်တွေ ပျံသန်းခဲ့ပြီးတဲ့ နောက် ဂျပန်ဘက်ကလည်း လေယာဉ်တစင်းထက်မနည်း ချက်ချင်း ပျံသန်းပြီး တုံ့ပြန် စောင့်ကြည့်ခဲ့တဲ့အကြောင်း ဂျပန်အစိုးရ အတွင်းဝန်ချုပ် Yoshihide Suga က ပြောပါတယ်။

Miyako ရေလက်ကြားမှာ ပျံသန်းခဲ့တဲ့ တရုတ်လေယာဉ်တွေဟာ ဂျပန် လေပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်း မရှိပေမဲ့ ဒါဟာ အဲဒီဒေသမှာ တရုတ်စစ်လေယာဉ်တွေ ပထမဆုံးအကြိမ် ပျံသန်းတာဖြစ်တယ်လို့ မစ္စတာ Suga က ပြောပါတယ်။ ဂျပန်အစိုးရ အနေနဲ့ အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာပဲဖြစ်ဖြစ်၊ တခြား ကမ္ဘာ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် နိုင်ငံတခုတည်းက လက်ရှိ အနေအထားကို ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့ ဘယ်လုပ်ရပ်မျိုးကိုမှ သည်းခံမှာမဟုတ်ဘူးလို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဒီကနေ့ လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG