သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် ထိန်းချုပ်မှု တရုတ်အစိုးရ ဆက်လုပ်သွားမည်


အင်တာနက် ထိန်းချုပ်မှု တရုတ်အစိုးရ ဆက်လုပ်သွားမည်
အင်တာနက် ထိန်းချုပ်မှု တရုတ်အစိုးရ ဆက်လုပ်သွားမည်

တရုတ်နိုင်ငံ လူမှုအသိုင်းအဝိုင်းထဲမှာ စည်းလုံးညီညွတ်မှု ရှိနေစေဖို့ အင်တာနက် သုံးစွဲမှုကို ဆက်ပြီး ထိန်းချုပ်ထားမယ်လို့ တရုတ်က ပြောပါတယ်။

တရုတ်နိုင်ငံ လူဦးရေရဲ့ ၂၉%၊ အရေအတွက်အားဖြင့် လူပေါင်း သန်း ၃၈၀ ထက်မနည်း လက်ရှိမှာ အင်တာနက် သုံးစွဲနေကြပြီး ဒီအရေအတွက်ကို လာမယ့် ၅ နှစ်အတွင်း ၄၅% တိုးအောင်လုပ်ဖို့ အစိုးရက စီစဉ်ထားတယ် ဆိုတာကို တရုတ်အစိုးရ ထုတ်ပြန်တဲ့ စာမျက်နှာ ၃၁ မျက်နှာပါ အစိုးရ မူရေးရာ အစီရင်ခံ စာတမ်းထဲမှာ ဖော်ပြထားပါတယ်။

အင်တာနက် မဟာတံတိုင်းကြီးရဲ့ အကာအကွယ်နဲ့ သုံးစွဲနေရတယ်ဆိုပြီး တရုတ်နိုင်ငံတွင်း အင်တာနက် ဆက်သွယ်မှုအပေါ် ဝေဖန်ခံနေရတာပါ။ ဒါပေမဲ့ Facebook, Twitter နဲ့ YouTube တို့လို လူသုံးများတဲ့ ဝက်ဘ်ဆိုက်တွေထဲ ဝင်ကြည့်မရအောင် ပိတ်ထားတာကို လျှော့ပေါ့ ဖယ်ရှားပေးမယ် ဆိုတာမျိုး အခု အစိုးရရဲ့ ထုတ်ပြန်ချက်မှာ မပါပါဘူး။

နိုင်ငံရဲ့ လုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားကို ရှေးရှုပြီး တရုတ်အစိုးရက အင်တာနက်ကို ထိန်းချုပ်ထားတာ ဖြစ်တယ်၊ ဒါကြောင့် လူမျိုးရေး မုန်းတီးမှု၊ ခွဲခြားမှုတွေ ဖော်ပြတဲ့ အင်တာနက် စာမျက်နှာတွေ၊ ညစ်ညမ်း ဝက်ဘ်ဆိုက်တွေ၊ အကြမ်းဖက်မှုတွေ ပါတဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်လို့ မရအောင် အစိုးရက ကာကွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရရဲ့ အင်တာနက်မူကို နိုင်ငံခြားသားတွေ အနေနဲ့ လေးစား ကာကွယ်ပေးဖို့လည်း တရုတ်အစိုးရက တောင်းဆိုပါတယ်။

XS
SM
MD
LG