သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားအရေး ထိပ်သီးသုံးဦး ဆွေးနွေး


ကိုရီးယား နှစ်နိုင်ငံအကြား တင်းမာမှုတိုးလာနေတာကို အထူး အလေးထားဆွေးနွေးမယ်လို့ မျှော်လင့်ရတဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao)၊ ဂျပန်ဝန်ကြီးချုပ် ယူကီယို ဟက်တာယိုမာ (Yukio Hatoyama) နဲ့ တောင်ကိုရီးယားသမ္မတ လီ မြောင်ဘက် (Lee Myung-Bak) တို့သုံးဦးကြား နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေးတရပ်ကို စတင်နေပါပြီ။ အစည်းအဝေးကို ဒီကနေ့ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ကျင်းပမှာပါ။

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့ရမှုအတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကနေတဆင့် မြောက်ကိုရီးယားကို အရေးယူဖို့ တောင်ကိုရီးယားရဲ့ ကြိုးပမ်းမှုကို အခိုင်အမာ ထောက်ခံသွားမယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ Jeju ကျွန်းမှာ ကျင်းပတဲ့ အစည်းအဝေး အစမှာ ဂျပန်ဝန်ကြီးချုပ် ဟက်တိုယာမ က ကတိပေးခဲ့ပါတယ်။

မတ်လ ၂၆ ရက်နေ့က ချီအိုနန်း (Cheonan) စစ်သင်္ဘော နစ်မြုပ်ခဲ့တာမှာ သင်္ဘောသား ၄၆ ယောက် သေဆုံးသွားရတဲ့အတွက် ဝမ်းနည်းပါကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ ကိုးရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ပျက်ပြားစေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ပြစ်တင် ရှုတ်ချတယ်လို့ မစ္စတာ ဝမ်ကျားပေါင်က ဆိုးလ်မြို့တော်မှာ သောကြာနေ့က ပြောခဲ့ပါတယ်။

တောင်ကိုရီးုယား စစ်သင်္ဘောဟာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောကနေ ပစ်လိုက်တဲ့ တော်ပီဒို ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်သွားခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကနေ တွေ့ရှိခဲ့ပါတယ်။

XS
SM
MD
LG