သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မြေပြိုမှု ထင်တာထက် ပိုဆိုး


တရုတ်ပြည် အနောက်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ မြေပြိုမှုတွေကို ပိုဆိုးမလာအောင် ကယ်ဆယ်ရေး အဖွဲ့တွေက အရင်က တူးထားခဲ့တဲ့ ရေအိုင်ကြီးထဲက ရေတွေကို ထုတ်ပစ်ဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။

တနင်္ဂနွေနေ့က မြေပြိုမှုကြောင့် ရေကာတာကြီးလို ဖြစ်လာမှုကို ထိန်းချုပ်ထားတဲ့ ဖောက်ခွဲမှုကြီး ၂ ခုနဲ့ နောက်ကျောဘက်က ရေအား လျော့နည်းသွားအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

မြေပြိုမှုဖြစ်စဉ်က ဂန်ဆုပြည်နယ်မှာ လူပေါင်း ၇၀၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့် ၃ ရက်အတွင်း မိုးတွေ ပိုရွာလာခဲ့ရင် ဘေလောင်မြစ် (Bailong River) ကျိုးပေါက်သွားပြီး အတားအဆီးတွေကို ချိုးဖျက်လိမ့်မယ်လို့ စိုးရိမ်သောက ရောက်နေကြပါတယ်။

ဘေဂျင်းမြို့တော်မှာ တရုတ် ဗဟိုပေါလစ်ဗျူရိုက ကျိုးကုမြို့ကို ကယ်ဆယ်ရေးအတွက် အင်္ဂါနေ့မှာ ဆွေးနွေးကြပါတယ်။ ကျိုးကုမှာ စစ်သား ၇,၀၀၀ နဲ့ အရပ်သားတွေဟာ နေ့ရော ညပါ မသေသေးဘဲ ရှင်သန်နေမယ့် ဒုက္ခသည်တွေကို ရှာဖွေနေကြပါတယ်။

၅ ကီလိုမီတာ ရှည်လျားပြီး မီတာ ၅၀၀ အကျယ်ရှိတဲ့ ရွှံ့နွံစီးကြောင်းကြီးဟာ ကျိုးကုမြို့လယ်ကို ဖြတ်သန်း စီးဆင်း သွားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

လူပေါင်း ၁,၀၄၂ ယောက် ပျောက်ဆုံးနေပြီး ၄၅,၀၀၀ ကို ရွှေ့ပြောင်း ကယ်တင်နိုင်ခဲ့တယ်လို့ အစိုးရက ပြောဆိုပါတယ်။ အများစုက တိဘက်လူမျိုးစု မွေးမြူရေးသမားတွေနဲ့ လယ်သမားတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG