သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ် စစ်ရေးလေ့ကျင့်မည်


တရုတ်ရေတပ် တပ်ဖွဲ့ဝင်များကို paracel ကျွန်းစုမှာတွေ့ရစဉ်။ (ဇန်နဝါရီ ၂၉၊ ၂၀၁၆)
တရုတ်ရေတပ် တပ်ဖွဲ့ဝင်များကို paracel ကျွန်းစုမှာတွေ့ရစဉ်။ (ဇန်နဝါရီ ၂၉၊ ၂၀၁၆)

တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းစုတွေမှာ ၇ ရက်ကြာမယ့် စစ်ရေးလေ့ကျင့်မှုကို အင်္ဂါနေ့မှာ စတင်မှာဖြစ်ကြောင်း တရုတ်နိုင်ငံ ရေကြောင်းပိုင်နက်လုံခြုံရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ The Hague တရားရုံးအခြေစိုက်တဲ့ ညှိနှိုင်းရေးတရားရုံးက တောင်တရုတ်ပင်လယ် အရေး အငြင်းပွားနေတဲ့ ကိစ္စအဝဝကို စီရင်ချက်မချခင်မှာပဲ ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။

တရုတ်နိုင်ငံက သူ့ပိုင်နက်အဖြစ် အခိုင်အမာပြောထားတဲ့ တောင်တရုတ် ပင်လယ်ပြင်ရဲ့ အများစုဖြစ်နေတဲ့ nine dash line ရေပိုင်နက် အရေးနဲ့ပတ်သက်လို့ ဖိလစ်ပိုင်နိုင်ငံက တရားရုံးမှာ ဖြေရှင်းဖို့ တရားဝင်စိန်ခေါ်ထားတာကို တရုတ်နိုင်ငံက သပိတ်မှောက်နေပါတယ်။ တရားရုံးက ဇူလိုင်လ ၁၂ ရက်နေ့မှာ စီရင်ချက်ချမှာဖြစ်ကြောင်း ပြောထားပါတယ်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန် လုပ်လေ့ရှိပါတယ်။ နောက်ဆုံးလေ့ကျင့်မှုဟာ ဇူလိုင် လ ၁၁ ရက်၊ အင်္ဂါနေ့ မှာ ဖြစ်ကြောင်း ရေကြောင်းလုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။ဒီလေ့ကျင့်မှုတွေဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဟိုင်နန်ကျွန်း ကနေ Paracel ကျွန်းစုတွေအထိ အကျုံးဝင်ကြောင်းနဲ့ အဲဒီနေရာတွေကို ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ကြောင်း လည်း ဖော်ပြထားပါတယ်။

ပါရာဆယ်လ်ကျွန်းစုတွေကို တရုတ်က ထိန်းချုပ်ထားပြီး ဗီယက်နမ်နဲ့ တိုင်ဝမ်တို့ကလည်း သူတို့ပိုင်ကြောင်း ပြောနေကြပါတယ်။

တခြား အာရှနိုင်ငံတွေကလည်း သူတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုနေကြ တဲ့ ရေပြင်နဲ့ ကျွန်းစုတွေကို တရုတ်နိုင်ငံက သူပိုင်ဖြစ်ကြောင်း အခိုင်အမာ ပြောနေ တဲ့အတွက် တောင်တရုတ်ပင်လယ်အရေးဟာ အခြေအနေတင်းမာမှုတွေ လည်း မြင့်တက်နေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG