သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားရာ Xinjiang မှာ ၂၄ နာရီ ကင်းလှည့်မည်


တရုတ်နိုင်ငံ အနောက်ဘက်က လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ Xinjiang ဒေသမှာ အဆိုးရွားဆုံး သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွား ခဲ့ပြီးတဲ့နောက် ၂၄ နာရီပတ်လုံး လုံခြုံရေးကင်းလှည့်ဖို့ ထိပ်တန်းလုံခြုံရေး အရာရှိတဦးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ Meng Jianzhu စနေနေ့က Xinjiang ပြည်နယ်ရဲ့ မြို့တော် Urumqi ကို သွားရောက် ကြည့်ရှုပြီး ရာသီမရွေး ဒေသခံတွေကို စောင့်ရှောက်ဖို့ ညွှန်ကြားခဲ့တာလို့လည်း အစိုးရပိုင် သတင်းက ဖော်ပြခဲ့တာပါ။

Urumqi မြို့မှာ လူပေါင်း ၂၀၀ လောက် သေဆုံးခဲ့ရတဲ့ ၂၀၀၉ ခုနှစ်ကစလို့ အဆိုးရွားဆုံး ဖြစ်ခဲ့တဲ့ Shanshan ခရိုင်က လူ ၃၅ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး ၃ ရက်အကြာမှာပဲ အခုလို အမိန့် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ Xinjiang ဒေသဟာ ဆိုရင် လူများစုဖြစ်တဲ့ ဟန်တရုတ်အနွယ်တွေနဲ့ မူဆလင်အများစုဖြစ်ကြတဲ့ ဝီဂါတွေကြား နှစ်ပေါင်း များစွာ တင်းမာမှုတွေရှိနေတဲ့ နယ်မြေတခုပါ။

ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ဝီဂါ-အမေရိကန် အသင်းကတော့ ၂၀၀၉ ခုနှစ်တုန်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဇူလိုင်လ ၅ ရက်နေ့အထိ လုံခြုံရေးကို တင်းကျပ် ထားလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပြောပါတယ်။

Xinjiang ပြည်နယ် အစိုးရတော့ ဇွန်လ ၂၆ ရက်နေ့က အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကို တနင်္ဂနွေနေ့က ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြရာမှာတော့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေကို ပုံမှန်လိုလို နားထောင်ကြတဲ့ အစ္စလာမ်အုပ်စုတခုကို အပြစ်တင်ခဲ့ပါတယ်။
XS
SM
MD
LG