သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ယွမ်ငွေလဲနှုန်း ပြောင်းလဲရေး သမ္မတအိုဘားမား ကြိုဆို


တရုတ်နိုင်ငံက ယွမ်ငွေတန်ဘိုးလဲလှယ်နှုန်းးကို အဆင်ပြေအောင် အလျှော့အတင်း လုပ်ခွင့်ပေးမယ်လို့ စနေနေ့က ကြေညာလိုက်တဲ့အတွက် သမ္မတအိုဘားမားက ကြိုဆိုလိုက်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Timothy Geithner၊ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ IMF ညွှန်ကြားရေးမှူး Dominique Strauss-Kahn နဲ့ တခြားခေါင်းဆောင်တွေကလည်း အမေရိကန် တဒေါ်လာကို ၆.၈ ယွမ်နှုံးနဲ့ ၂ နှစ်လောက် အတိုးအလျှော့မရှိ တင်းထားတာကို ပြောင်းလဲ ပစ်မယ့် တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပါတယ်။

တရုတ်နိုင်ငံဗဟိုဘဏ်က အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်အဖြစ် ဆုံးဖြတ်ချက်ချလိုက်တာဟာ ကမ္ဘာ့စီးပွားရေး နာလန်ထူနိုင်အောင် ကူညီကာကွယ်ပေးရာ ရောက်စေပါတယ်လို့ သမ္မတအိုဘားမားက ပြောဆိုလိုက်ပါတယ်။

တရုတ်နဲ့ကုန်သွယ်ရာမှာ အကြီးအကျယ် လိုငွေပြနေတဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာမညီမျှမှု လျော့ပါးစေဖို့ အတွက်
ယွမ်ငွေတန်ဘိုး လျှော့ချရေး နိုင်ငံတကာကနေ တရုတ်နိုင်ငံကို ဖိအားပေးနေကြတာ ဖြစ်ပါတယ်။ မကြာခင် ကနေဒါနိုင်ငံမှာကျင်းပမယ့် G-20 စက်မှုထိပ်သီး ညီလာခံမတိုင်ခင် တရုတ်နိုင်ငံက ခုလို ကြေညာလိုက်တာပါ။

ညီလာခံမှာ တရုတ်ငွေကြေး လဲလှယ်နှုန်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ အများက မျှော်လင့်ထားပေမဲ့ ယွမ်ငွေတန်ဖိုးဆိုင်ရာ ဆွေးနွေးမှု တစုံတရာပြုလုပ်မှာ မဟုတ်ဘူးလို့ တရုတ်အရာရှိတွေရဲ့ ပြောကြားချက်ကို သောကြာနေ့ထုတ် တရုတ်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG