သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလီဘံယာပြည်တွင်းစစ် အဆုံးသတ်ရေး ငြိမ်းချမ်းရေးလက်မှတ် ထိုးမည်


ကိုလံဘီယာအစိုးရနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ FARC တို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲတွင် လုံခြုံရေးယူနေစဉ်
ကိုလံဘီယာအစိုးရနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ FARC တို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲတွင် လုံခြုံရေးယူနေစဉ်

ကိုလံဘီယာအစိုးရနဲ့ ကိုလံဘီယာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ FARC တို့ကြား နောက်ဆုံးအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဒီကနေ့ တနင်္လာနေ့မှာ လက်မှတ် ရေးထိုးတော့မှာဖြစ်လို့ ကမ္ဘာ့အနောက်ခြမ်းမှာ နှစ်အရှည်ကြာဆုံးဖြစ်နေတဲ့ တော်လှန်ပုန်ကန်မှုတွေနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန် အကြီးတန်း အစိုးရအရာရှိတဦးကတော့ အခုချုပ်ဆိုမယ့် သဘောတူညီချက်ဟာ - ကျူးဘားနဲ့ ဆိုဗီယက်အတွေးအခေါ်တွေကို အားကျပြီး ကမ္ဘာ့အနောက်ခြမ်းဒေသမှာ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ဆန့်ကျင်လာခဲ့တဲ့ တော်လှန်ပုန်ကန်မှုတွေကို အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

တရားမဝင် ကိုကိန်း ထုတ်လုပ်မှုတွေ ကနေ ရလာတဲ့ငွေတွေနဲ့ လည်ပတ်နေတဲ့ FARC သူပုန်အဖွဲ့နဲ့ ကိုလံဘီယာအစိုးရအကြား လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် ကိုလံဘီယာနိုင်ငံမှာ လူပေါင်း ၂ သိန်းခွဲကျော် သေဆုံးခဲ့ရပြီးဖြစ်သလို၊ ငါး သန်းထက်မနည်း အိုးအိမ်မဲ့ ခဲ့ရပြီးပါပြီ။ ဒီကနေ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးမယ့် အခမ်းအနားကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် အစိုးရအကြီးအကဲ ၁၆ ဦးနဲ့ နိုင်ငံခြားရေးဝန်ကြီး နှစ်ဒါဇင် တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခမ်းအနားကိုတော့ ၁၆ ရာစုနှစ်က စတင် တည်ထောင်ခဲ့တဲ့ ကာရေဗီယံဆိပ်ကမ်းမြို့ ကာရ်တာဟဲနာ (Cartagena) မှာရှိတဲ့ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပမှာပါ။ အခု သဘောတူညီချက်ကိုတော့ အောက်တိုဘာလ ၂ ရက်နေ့ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ လူထုဆန္ဒခံယူပွဲမှာ အတည်ပြုရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG