သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်က မြန်မာစစ်တပ်ကို သင်တန်းပေးမှုအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်


၂၀၁၃ အောက်တိုဘာလတုန်းက ဒေါ်အောင်ဆန်း စုကြည် Royal Military Academy Sandhurst ကိုသွားရောက်စဉ်
၂၀၁၃ အောက်တိုဘာလတုန်းက ဒေါ်အောင်ဆန်း စုကြည် Royal Military Academy Sandhurst ကိုသွားရောက်စဉ်

ဗြိတိန်နိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ်ရောက် ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ တနင်္လာနေ့မှာ Royal College of Defence Studies လို့ခေါ်တဲ့ တော်ဝင်ဗိုလ် လောင်း သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ကို သင်တန်း တွေပေးနေတဲ့အတွက် ဗြိတိန်အစိုးရကို ဗြိတိန်ပါလီမန်အမတ်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်နေချိန်မှာ အခုလို ဒေါ်အောင်ဆန်း စုကြည်ကို ဗြိတိန်စစ်သင်တန်းကျောင်း ကို ခေါ်ယူပြသတာဖြစ်ပါတယ်။မ အင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

မြန်မာစစ်တပ်ကို အကန့်အသတ်မရှိသင်တန်းတွေပေးနေတဲ့ ဗြိတိန်အစိုးရဟာ အဲဒီအတွက် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ (၅)သိန်းကျော် သုံးစွဲခဲ့ပြီးကြောင်း လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားစရာဖြစ်နေတဲ့အချိန်မှာ ဗြိတိန်နိုင်ငံ ကို ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဗြိတိန်တော် ဝင်စစ်တက္ကသိုလ် တခု ကို ခေါ်ယူပြသတဲ့ ဗြိတိန်အစိုးရ ရဲ့ ရည်ရွယ်ချက်ကို လူ့အခွင့်အရေး အဖွဲ့တွေ ဘက်က မေးခွန်းထုတ်စ ရာဖြစ်နေ တယ်လို့ Mark Farmaner က ဗွီအိုအေ ကို ပြောပါတယ်။

“မြန်မာစစ်တပ်ကို သင်တန်းတွေပေးနေတဲ့ကိစ္စဟာ အငြင်းပွားစရာဖြစ်နေတဲ့ အတွက် ဗြိတိန်အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း စစ်တက္က သိုလ်ကျောင်းတခု လိုက်ပြဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ ကျနော်မြင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗြိတိန်အစိုးရက သူတို့ ရင်ဆိုင်နေ ရတဲ့ မေးခွန်းတွေ အတွက် အဖြေမပေးနိုင်တဲ့အပေါ်မှာ ဖုံးကွယ်ဖို့ ဒေါ်အောင်ဆန်းစု ကြည်ကို အသုံးချ လိုက် တာဖြစ်ပါ တယ်။ မြန်မာစစ်တပ်ကို နှစ်နှစ်ကြာ သင်တန်းတွေေ ပးပြီး တဲ့နောက် ဘယ်လိုအကျိုးရ လာဒ်တွေရလာ သလဲဆို တဲ့ မေးခွန်းအတွက် သူတို့မှာ အဖြေမရှိသေးပါဘူး။”

တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန် မှုတွေရပ်ဆိုင်းရေး၊ နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲဖို့ကို သဘောတူရေး စတဲ့ အချက်တွေနဲ့ အပေးအယူမလုပ်ပဲ ဗြိတိန်အစိုးရ က မြန်မာ စစ်တပ်ကို ကန့်သတ်ချက်မရှိ သင်တန်းတွေပေးနေတာဖြစ်တယ်လို့ Mark Farmaner ကပြောပါတယ်။

“မြန်မာစစ်တပ်ကို သင်တန်းတွေပေးတဲ့အတွက် ဘယ်လိုအကျိုးရလာဒ်တွေ ထွက်လာသလဲဆိုတာ သူတို့မပြောနိုင်ပေမဲ့ ဒီလိုသင်တန်းတွေကို ဆက်ပြီးပေးဖို့ ဗြိတိန်အစိုးရဘက်က ဆုံးဖြတ်ထားတာပါ။ ဒါကြောင့်လဲ ဗြိတိန်ပါလီအမတ်ေ တွ၊ နိုင်ငံတကာလူ့အဖွဲ့အရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်မှုတွေကို ကာကွယ် ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချိန်တိုတောင်းတဲ့ခရီးစဉ်အတွင်းမှာ သူ့ကို ဗြိတိန်အစိုးရက အသုံးချတယ်လို့ မြင်ပါတယ်။”

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ဗြိတိန်နိုင်ငံရဲ့ တော်ဝင် စစ်တက္က သိုလ်ကျောင်းတခုကို သွားရောက်ကြည့်ရှုလေ့ လာတဲ့အတွက် မြန်မာစစ် တပ် ပြုပြင်ပြောင်းလဲရေးမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့မြင်ကြောင်း ဗြိတိန် အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အ မှုဆောင်ကော် မတီဝင်တဦးဖြစ်တဲ့ ဒူးဝါး မက်ခေါ်ခွန်ဆာက ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေအရဆိုရင် တပ်မတော် ကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့အပိုင်းက တော်တော်အရေးကြီးတယ်လေ။ အရေးကြီး တယ်ဆိုတဲ့အခါကျတော့ အဲဒီမှာ Academy ပေါ့နော် ကျနော်တို့ နိုင်ငံမှာဆိုရင် ဗိုလ်လောင်းသင်တန်း ပေါ့ဗျာ။ ဒီ ဗိုလ်လောင်းသင်တန်းရဲ့coach တွေဘာတွေက အရမ်းအရေးကြီးတယ်ပေါ့ဗျာ။ ဘာလဲဆိုတော့ ဒီမိုကရေစီစနစ်မှာဆိုရင်လည်း စစ်တပ်ဟာ အရပ်သားအစိုးရပေါ့နော် ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရရဲ့ အောက်မှာ သူတို့ကနေပြီးတော့မှ လက်ရုံးဝန်ထမ်းပေါ့ဗျာ၊ ကာကွယ်ရေး ဝန်ထမ်း အနေနဲ့ ထမ်းဆောင်ရမှာဖြစ်တယ်။ ဖြစ်ကြရမှာ ဆိုတဲ့အခါကျတော့ အခုဒီ ဗြိတိန်က Academy ကိုသွားတယ်ဆိုတဲ့အခါကျတော့ အကောင်းမြင်ဝါဒအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကောင်းပါတယ်။ သူတို့ ဘယ်လိုဗိုလ်လောင်းတွေကို ဘယ်လို Train လုပ်တယ် ၊ concept တွေက ဘယ်လိုရှိတယ်ဆိုတာကို သွားရောက်လေ့လာတယ်ဆိုတာကတော့ ကောင်းတဲ့ ကိစ္စပါ။”

တဆက်တည်းပဲ တိုင်းရင်းသားဒေသတွေမှာ လက်ရှိ မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကိုရပ်ဖို့အတွက် အသေအချာဆောင်ရွက်ပေးဖို့ လိုကြောင်း သူကအခုလိုပြောပါတယ်။

“ဒီကနေ့ ကျနော်တို့က ၂၁ ရာစုပင်လုံညီလာခံဆိုတဲ့ ဟာကို ကျနော်တို့က အခု စပြီပေါ့ဗျာ၊ စပြီးလုပ်နေပြီပေါ့။ စလုပ်နေပြီဆိုတဲ့အခါမှာ တပ်မတော် ခေါင်းဆောင် ပိုင်းတွေကပြောတာတော့ တကယ့်ငြိမ်းချမ်းရေးကို အစစ်အမှန် လိုချင်တဲ့ ဆန္ဒရှိဖို့လိုတယ် ဆိုပြီးတော့မှ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေကို သူကပြောတယ်။ ကျနော်လည်းပြန်မေးမယ် တပ်မတော်ကကော တကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုချင်သလား ကျနော်လည်း ပြန်မေး မယ်လေ။ ပြန်မေး မယ်ဆိုရင် တပ်မတော်က တကယ် တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကိုလိုချင်တယ် ဆိုရင် ဘာကြောင့်မို့လို့ နယ်မြေစိုးမိုးရေးကို ဦးတည်တဲ့ ထိုးစစ်တွေကို လုပ်နေရ သလဲ ၊ ဒါတွေကို ရပ်ဖို့လိုတယ်။”

မနေ့ တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေက မြန်မာသံအမတ်ကြီး (၁၂)ဦးနဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက် လို့ ဆွေးနွေးပြောဆိုခဲ့သလို နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေး ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို NLD အစိုးရအနေနဲ့ ချမှတ်ကျင့် သုံးေ နကြောင်း ပြောကြားခဲ့ပါတယ်။ ဒါအပြင် မြန်မာသံရုံးတွေအနေနဲ့ မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။

တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့လည်း တွေ့ဆုံဖို့ရှိသလို အင်္ဂါနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေနဲ့တွေ့ဆုံ မှာဖြစ်ပါတယ်။ အဲဒီနောက် အမေရိကန်ပြည်ထောင်စုကို ဆက်လက်ထွက်ခွာ မှာဖြစ်ပြီး စက်တင်ဘာလ (၁၄)ရက်နေ့မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ အိမ်ဖြုတော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG