သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ရာထူး ၃ နေရာအတွက် Trump ရွေးချယ်


(ဝဲမှယာ) အောက်လွှတ်တော်အမတ် Mike Pompeo ၊အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး Mike Flynn၊ အထက်လွှတ်တော်အမတ် Jeff Sessions။
(ဝဲမှယာ) အောက်လွှတ်တော်အမတ် Mike Pompeo ၊အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး Mike Flynn၊ အထက်လွှတ်တော်အမတ် Jeff Sessions။

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump သူ့အစိုးရ အဖွဲ့သစ်မှာ ရှေ့နေချုပ် အဖြစ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Jeff Sessions နဲ့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး အဖြစ် အောက်လွှတ်တော် အမတ် Mike Pompeo တို့ကို ရွေးချယ် လိုက်ပါတယ်။ ရွေးချယ်ခံရသူ ၂ ဦး စလုံးဟာ ကွန်ဆာဗေးတစ် အမာခံတွေ ဖြစ်တယ်လို့လည်း ထင်ရှားသူတွေ ဖြစ်ကြပါတယ်။

အထက်လွှတ်တော်အမတ် Sessions ဟာ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ အစပိုင်းကတည်းက အခိုင်အမာ ထောက်ခံခဲ့သူတဦးပါ။ Kansas ပြည်နယ် က အောက် လွှတ်တော်အမတ် Pompeo ကတော့ ၂၀၁၀ ပြည့်နှစ်က ကွန်ဂရက်လွှတ်တော်မှာ ရွေးချယ်ခံရတဲ့ ရီပတ်ဘလစ်ကန်ပါတီတွင်း က သဘောထားပြင်းထန်တဲ့ Tea Party အဖွဲ့ဝင် ပထမအသုတ်မှာ တဦး အပါအဝင် ဖြစ်ပါတယ်။

အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Mike Flynn ကိုလည်း အမျိုးသားလုံခြုံရေး အကြံပေးအရာရှိအဖြစ် ထရမ့်က ကြာသပတေးနေ့ နှောင်းပိုင်းမှာ ကြေညာခဲ့တာပါ။ ရာထူးခန့်အပ်ဖို့အတွက် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး Flynn ကတော့ Sessions နဲ့ Pompeo တို့လို အထက်လွှတ်တော်မှာ ကြားနာ စစ်ဆေးခံရမှာ မဟုတ်ပါဘူး။

ရီပတ်ဘလစ်ကန်တွေ လွှတ်တော်ကို ထိန်းချုပ်ထားပေမဲ့လည်း ရာထူးခန့်အပ်ဖို့ လွှတ်တော်တွင်း ကြားနာရာမှာတော့ Sessions အနေနဲ့ ပြင်းထန်တဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ဗဟိုအစိုးရရဲ့ တရားရေးဆိုင်ရာ ရာထူးတခုအတွက် အမည်စာရင်း တင်သွင်းခံရစဉ်မှာတော့ - အစိုးရရှေ့နေအဖြစ် တာဝန်ယူထားတဲ့ Alabama ပြည်နယ်မှာ လူမျိုးရေးခွဲခြားတဲ့ သဘောထားတွေ ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြင်းအထန် ဝေဖန်ခံခဲ့ ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG