သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျဉ်းမနားကဈေးသည် ၁၄,၀၀ ကျော်ကို လုပ်ငန်းရှင်တဦးက ကျပ်တစ်သိန်းစီ လှူ ဒါန်း


ပုဂ္ဂလိကလုပ်ငန်းရှင်တဦး ဖြစ်တဲ့ ဦးစိုးတင့်ဟာ အခြေခံလူတန်းစားတွေရဲ့ ဘဝကို တနိုင်တပိုင် ဖြေရှင်းပေးတဲ့အနေနဲ့ ပျံကျဈေးသည်တွေကိုလှူဒါန်းမူလုပ်စဉ်(ဓါတ်ပုံ-အေးငြိမ်းချမ်းသာ ဂိလာန ဘိုးဘွားရိပ်သာ FB)
ပုဂ္ဂလိကလုပ်ငန်းရှင်တဦး ဖြစ်တဲ့ ဦးစိုးတင့်ဟာ အခြေခံလူတန်းစားတွေရဲ့ ဘဝကို တနိုင်တပိုင် ဖြေရှင်းပေးတဲ့အနေနဲ့ ပျံကျဈေးသည်တွေကိုလှူဒါန်းမူလုပ်စဉ်(ဓါတ်ပုံ-အေးငြိမ်းချမ်းသာ ဂိလာန ဘိုးဘွားရိပ်သာ FB)

စိုးလျှပ်စစ်ဖောင်ဒေးရှင်းက ပုဂ္ဂလိကလုပ်ငန်းရှင်တဦးက မြန်မာပြည်တွင်းက အခြေခံလူတန်းစားတွေရဲ့ ဘဝရပ်တည်ရေးကို ဖြေရှင်းပေးတဲ့အနေနဲ့ မန္တလေးတိုင်း ၊ ပျဉ်းမနားမြို့ဈေး ၁၁ ဈေးက နေပြန်တိုးနဲ့ ရင်းနှီးရှာဖွေစားသောက်နေရတဲ့ ပျံကျဈေးသည် ၁၄၂၅ ဦး အတွက် တဦးဆီကို ကျပ်တသိန်းဆီ လှူဒါန်းမူကို ဇွန်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

စိုးလျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဌ လည်းဖြစ် ပျဉ်းမနားမြို့က အေးငြိမ်းချမ်းသာ ဂိလာနဘိုးဘွားရိပ်သာတည်ထောင်သူ ပုဂ္ဂလိကလုပ်ငန်းရှင်တဦး ဖြစ်တဲ့ ဦးစိုးတင့်ဟာ ဇွန်လ ၅ ရက်နေ့မှာ အခြေခံ လူတန်းစားတွေရဲ့ ဘဝရပ်တည်မူကို တနိုင်တပိုင် ဖြေရှင်းပေးတဲ့အနေနဲ့ ပျံကျဈေးသည် ၁၄၂၅ ဦး ကို တဦးကို ကျပ်တသိန်းဆီ လှူဒါန်းမှုလုပ်ခဲ့တာပါ။ ဒါဟာ လုပ်ငန်းရှင်တဦးအနေနဲ့ တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေခံလူတန်းစားတွေဟာ နေပြန်တိုးနဲ့ ရင်းနှီးလုပ်ကိုင်စားသောက်နေတာကြောင့် အတိုးနဲ့ ချေးဌားစားနေတဲ့ဘဝတွေကို စတင်လွတ်မြောက်အောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဦးစိုးတင့်ရဲ့ ကိုယ်ရေးအရာရှိ အတွင်းရေးမှူး မတင်မာဦးကပြောပြပါတယ်။

“ပထမတော့သူ ဈေးတွေရှိသမျှ ဈေး ၁၁ ဈေးပေါ့နော်။ ဈေးအဖွဲ့တွေနဲ့သွားပြီးတော့မှ ဈေးမှာ စုံစမ်းပြီးတော့ ပျံကျဈေးသည်တွေ ဘယ်လောက်ရှိတယ်ဆိုတာ စုံစမ်းပါတယ်ရှင့်။ စုံစမ်းပြီးတော့မှ ဒီဈေးမှာဆိုဘယ်လောက်ရှိတယ်၊ ဈေးတခုချင်းစီကို အဲဒီမှာ ခေါင်းရွက်တဲ့သည်တွေပေါ့နော်။ လမ်းဘေးလေးတွေမှာ စကောလေးတွေနဲ့ ရောင်းတဲ့ဟာတွေပေါ့။ နောက်ပြီးတော့ မုန့်ဗန်းဈေးသည်တွေ၊ ပဲပေါင်းသည်တွေ အားလုံးစုလိုက်တဲ့အချိန်မှာ ၁၄၂၅ ဦးရပါတယ်ရှင့်။ သူကိုယ်တိုင်ကလည်း အရင်တုန်းက မိဘလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားတဲ့အချိန် သူများအိမ် ကပ်နေခဲ့ရတဲ့ဟာမျိုးကို အဲဒီစိတ်မျိုးတွေနဲ့ ကိုယ်ချင်းစာတာပေါ့နော်။ ကိုယ်ချင်းစာစိတ်လေးနဲ့ ခေါင်းရွက်တဲ့ဈေးသည်တွေကို သူတို့လည်း အတိုးတွေနဲ့ယူထားတယ်ဆိုတော့ အခုလိုမျိုးပေးလိုက်တယ်ဆိုတော့ သူတို့မှာလည်း အဆင်ပြေသွားတာပေါ့နော်။ တချို့တွေလည်းတအားဝမ်းသာသွားကြတာပေါ့။ ဒီလို နေ့ပြန်တိုး ဘဝလေးတွေကနေ ဘယ်လိုရုန်းထွက်လို့ရအောင်လုပ်မလဲဆိုတာ လုပ်ပေးတာပါရှင့်။”

မကြာခင်မှာလည်းအပေါင်ခံတဲ့ပစ္စည်းတွေမပါပဲ အခြေခံလူတန်းစားတွေအတွက် အသေးစားချေးငွေတွေကို စတင်ထုတ်ချေးဖို့ အတွက် ပြင်ဆင်နေပြီလို့သူရဲ့ကိုယ်ရေးအတွင်ရေးမှူးက ဆက်ပြောပြပါတယ်။

“အခုဟာကတော့ ခဏ သူတို့ပြေလည်သွားစေချင်တဲ့ ဆန္ဒပေါ့နော်။ နောက်ကျရင်သူတို့ကို ချေးငွေတွေ၊ ငွေစုငွေချေးတွေ တခုခု ဖန်တီးပေးပြီးတော့ ချေးငွေလေးတွေ ချပေးမှာပါရှင့်။ အပေါင်ခံပစ္စည်းကတော့ ဘာမှမယူပါဘူးရှင့်။”

ဦးစိုးတင့်ဟာငယ်စဉ်ကစပြီး မိဘမဲ့တဦးဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၇နှစ် ကစလို့ ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ခဲ့သလို မကြာသေးခင်ကပဲ ပျဉ်းမနားမြို့က အခြေခံလူတန်းစား ဆိုက်ကားဆရာပေါင်း ၆၀၀ ကျော် ကိုအခုလိုလှူဒါန်းပြီး အခြေခံလူတန်းစာတွေရဲ့ပြဿ နာကိုဖြေရှင်းပေးခဲ့ဘူးပါတယ်။ သူဟာ မြန်မာနိုင်ငံက စာသင်ကြားဖို့အခက်အခဲဖြစ်တဲ့ကလေးတွေရဲ့ပညာရေးကိစ္စတွေကိုလည်းလုပ်ဆောင်ပေးခဲ့တဲ့ပရဟိတလုပ်နေတဲ့ လုပ်ငန်းရှင်တဦးလည်းဖြစ်ပါတယ်။ လက်ရှိ ဒီနှစ်ထဲမှာ ကျောင်းသားပေါင်း ၁၆၀ ကျော်ကို ပညာသင်ဆုတွေလည်းပေးခဲ့တယ်လို့ဆိုပါတယ်။

“ပညာသင်တာတွေပေါ့နော် အခုဆိုရင် ၁၇ နှစ်လောက်ရှိသွားပြီ။ ကလေးတွေ တချို့ဆို ဒေါက်တာတို့၊ ဆေးရုံအုပ်ကြီးတို့၊ အင်ဂျင်နီယာတို့ အဲလိုမျိုးဖြစ်ကုန်တာတွေအများကြီးပါရှင့်။ ဆုပေးထားတွေက အများကြီးပေါ့ နှစ်စဉ်နှစ်စဉ်။ ဒီနှစ်ထဲမှာတော့ ကျောင်းထားပေးတာ ၁၆၀ လောက်ရှိပါတယ်ရှင့်။”

ကျပ်သိန်းပေါင်း ၅ သောင်း အကုန်ကျခံကာ အေးငြိမ်းချမ်းသာဂီလာန ဘိုးဘွားရိပ်သာ ကိုတည်ထောင်ထားပြီး ကျန်းမာရေးအရ စောင့်ရှောက်မူလိုအပ်တဲ့ လူနာတွေကိုလည်း နေစဉ်အကူညီပေးတာတွေ ဒုက္ခရောက်နေတဲ့ လူနာတွေထဲက နှလုံးခွဲစိတ်မူတွေအပါအဝင် ကုသမူတွေလုပ်ဖိုအတွက်လည်း နိုင်ငံခြားမှာသွားရောက်ကုသနိုင်ဖို့အထိ အကူညီပေးခဲ့တာတွေရှိတယ်လို့လည်းပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တော့အစိုးရသစ်လက်ထက်မှာ အခြေခံလူတန်းစားတွေရဲဘဝတွေကို ဖြေရှင်ပေးနိုင်ဖို့အတွက်မြန်မာလူထုတွေကတော့မျှော်လင့်နေကြတာပါ။ လက်ရှိမှာတော့ အစိုးရသစ်ကတော့ရက်ပေါင်း ၁၀၀အတွင်း လုပ်မယ့် စီမံချက်ရေးးဆွဲနေသလို အခြေခံလူတန်းစားတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့ လုပ်ဆောင်နေတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေကမကြာခဏ ပြောဆိုမူတွေတော့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG