သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာဒုုံမြို့နယ်မှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေး ကျပ်သိန်း ၁၃၀၀၀ကျော်ဖိုး ဖမ်းမိ


မနှစ်က အမေရိကန် ဒေါ်လာ ၁၃၃ သန်းခွဲ၊ မြန်မာကျပ်ငွေ ၁၃၃ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၆ သန်းခွဲကျော်ကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဒုံစက်မှုဇုန် အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ ရပ်ထားတဲ့ KIA Bongo အမျိုးအစား ကုန်တင်ကားပေါ်မှာ ဖမ်းဆီးရမိ။ (ဓာတ်ပုံ - MOI)
မနှစ်က အမေရိကန် ဒေါ်လာ ၁၃၃ သန်းခွဲ၊ မြန်မာကျပ်ငွေ ၁၃၃ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၆ သန်းခွဲကျော်ကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဒုံစက်မှုဇုန် အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ ရပ်ထားတဲ့ KIA Bongo အမျိုးအစား ကုန်တင်ကားပေါ်မှာ ဖမ်းဆီးရမိ။ (ဓာတ်ပုံ - MOI)

ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်ထောက်ကြန့် ပျဉ်းမပင်ကျေးရွာအုပ်စုအပိုင်မှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား၂သိန်း၆သောင်းကျော်ကို မနေ့က ရဲတပ်ဖွဲဝင်တွေကရှာဖွေဖမ်းဆီးမိခဲ့ပြီး ကာလတန်းဖိုးကျပ်သိန်းပေါင်း တသောင်း ၃ထောင်ကျော်တန်ဖိုးရှိတယ်လို့ ထောက်ကြံရဲစခန်းမူးက ပြောပြပါတယ် မအေးမာကသတင်းပေးပို့ထားပါတယ် ။

မြန်မာနိုင်ငံရန်ကုန်တိုင်းမင်္ဂလာဒုံမြိုနယ်အပိုင်တွင်းမှာ စိတ်ကြွဆေးတွေ သိန်းနဲ့ချီပြိး ဖမ်းဆီးရမိရာမှာ ပိုင်ရှင်မဲ့တွေအဖြစ် စွန့်ပစ်ထားတာကိုတွေရှိရတယ်လို့ ထောက်ကြံရဲစခန်းမူး ရဲအုပ်ဌေးဝင်းက VOA ကိုအခုလိုပြောပြပါတယ်။

”ထောက်ကြံ့နယ်မြေ ရဲစခန်းအပိုင်း ရန်ကုန်ပြည်လမ်းပေါ့ ပျဉ်းမပင် ကျေးရွာ၊ ရေစင်မှတ်တိုင်အနီး ပြည်လမ်းမကြီးဘေး၊ လှော်ကားယျာဉ် အုတ်တံတိုင်းနဲ့ကြား လမ်းဘေး အမှိုက်ပုံပေါ့ဗျာ။ လွှင့်ပစ်ထားတာကို ရွာသားတစ်ယောက်ကနေ ပထမ သန်းရှာ ဖျင်းရှာနေရင်းနဲ့ တွေ့ရာကနေ၊ သတင်းရရှိပြီးတော့ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ရတာပါ။ တွေ့ရှိရတဲ့ အခါကျတော့ ကျွန်တော်တို့ စုစုပေါင်း မူးယစ်အဖွဲ့တွေရော၊ နယ်မြေ ရဲစခန်းရော၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေကော ပူးပေါင်းပြီးတော့ စစ်ဆေးလိုက်တဲ့အခါကျတော့ ကျွန်တော်တို့ စုစုပေါင်း အပြားရေ ၂၆၂၇၀၀ တွေ့ရှိပါတယ်။ ပါကင်ထုတ်အနေနဲ့ ဆိုရင်တော့ ၂၆ထုပ်။ တစ်သောင်းစီပါတဲ့ အထုပ်၂၆ထုပ်နဲ့ အထုပ်ပြည် နေတဲ့ ဆေးတွေ ကို တွေ့ရှိခြင်းဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ တွက်မယ်ဆိုရင်တော့ တစ်ပြားကို ငါးထောင်နှုန်းနဲ့ တွက်လိုက်တော့ သိန်းပေါင်း ၁၃၁၃၅သိန်းဖိုးလို့ ဒေသ ပေါက်ဈေးအရတွက်ချက်ရရှိပါတယ်။ ဒါနဲ့ ပက်သက်ပြီးတော့ ကျွန်တော်ကပဲ တရားလို ပြုလုပ်ပြီးတော့ အမှုဖွင့်လှစ်ပြီးတော့ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေပါတယ်။”

ပြီးခဲ့တဲ့နှစ် ဇူလိုင်အတွင်းက ကကွန်တိန်နာကားနဲ့ မင်္ဂလာဒုံမြိုနယ်ထဲမှာ ပဲ မူယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာဟာ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးဖမ်းဆီးရမိတာဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ ဒီဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့အဆင့်ဆင့်အရေးယူဆေင်ရွက်မူတွေတော့လုပ်နေတဲ့အကြောင်း ထောက်ကြံစခန်းမူး ရဲအုပ်ဌေးဝင်းက ပြောပြပါတယ်။

“အဲဒီတော့ မင်္ဂလာဒုံမြို့နယ်ကနေပြီးတော့ မှုခင်းတပ်ဖွဲ့ကနေပြီးတော့ ပြောင်းလဲပြီးတော့ စစ်ဆေးပါတယ်။ စစ်ဆေးတော့ ဖမ်းဆီးရမိတဲ့ အပိုင်းမှာလဲ သူတို့ တရားစွဲပြီးပါပြီ။ မမိတဲ့သူတွေလည်း တရားခံပြေးအနေနဲ့ စွဲထားတဲ့အပိုင်းတွေလည်း ရှိပါတယ်။ ရုံးတင် စစ်ဆေးဆဲပါပဲ။”

ပြီးခဲ့တဲ့နှစ်က မင်္ဂလာဒုံမြိုနယ်ထဲမှာ စိတ်ကြွဆေးကားတစီးလိုက်ဖမ်းမိပြီး နောက် သြဂုတ်လအတွင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စိတ်ကြွဆေးပြား ၁၅သိန်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်း ၇၅၀၀ဖိုးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ဒုတိယအကြိမ်အများဆုံးဖမ်းဆီးခဲ့ပါတယ်။ ၂ပတ်အတွင်းမှာ တတိယအကြိမ်ပိုင်ရှင်မဲဆေးတွေကို သာကေတမြိုနယ် ထဲမှာ ထပ်မံဖမ်းဆီရမိခဲ့ပါတယ်။

အလားတူပဲ မရမ်းကုန်း၊ လှိုင်သာယာ စတဲ့ မြိုနယ် အတော်များများမှာ ပိုင်ရှင်မဲ့ မူယစ်ဆေးတွေ အများအပြား ဖမ်းဆီးရမိမူတွေ ရှိသလို ဒဂုံအရှေ့ပိုင်းမြို့နယ်နဲ့ မင်္ဂလာဒုံမြိုနယ်တွင်းမှာတော့ စုံစမ်းဖော်ထုတ်မူတွေကြောင့် မူယစ်ဆေးဝါးတရားခံတွေကို ဖမ်မိတာတွေရှိတယ်လို့လည်းဆက်ပြောပြပါတယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ၂၀၁၅ခုခုနှစ်အတွက် အစီရင်ခံစာမှာတော့ တနိုင်ငံချင်း အလိုက် အခြေအနေတွေကို ဖေါ်ပြထားပါတယ် အဲဒီအစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေ ဆဲဖြစ်ပြီး မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင် ရွက်ခြင်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာ မှာ ရေးသားထားတာပါ။ မြန်မာ အာဏာပိုင်တွေဖက်ကတော့ မူးယစ်ဆေး တိုက်ဖျက်ရေးမှာ နိုင်ငံတကာနဲ့ တတ်နိုင် သမျှ ပူးပေါင်းဆောင်ရွက် နေပါတယ်လိုတုံပြန်ထားပါတယ်ရှင်။

XS
SM
MD
LG