သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dirt စကားလုံး အီဒီယံ အသုံးအနှုန်းများ


ဒီတပတ် တင်ပြပေးမယ့် အမေရိကန် အီဒီယံအသုံးအနှုန်းများမှာ dig up the dirt, dish up the dirt, sweep the dart under the rug, နဲ့ dirt cheap တို့ ဖြစ်ကြပါတယ်။

ဒီတပတ် ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနူန်းမှာ dig up the dirt ဖြစ်ပါတယ်။ Dig up = တူးဖော်သည်၊ Dirt = အမှိုက်သရိုက်၊ အညစ်အကြေး၊ ဖုန်။ စကားစုတခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ် ဖွင့်ဆိုချက်က "အမှိုက်သရိုက်၊ အညစ်အကြေးတို့ကို တူးဖော်သည်" ဖြစ်ပါတယ်။ အီဒီယံ အသုံးအနှုန်းကတော့ "အရှုပ်တော်ပုံကို ဖော်ထုတ်တာ သို့မဟုတ် တယောက်ယောက်ကို စိတ် အနှောက်အယှက်ပေးတာ၊ နစ်နာစေတာမျိုးကို ဖော်ထုတ်ယူခြင်း" လို့ အဓိပ္ပါယ် ရပါတယ်။

အောက်ပါတင်ပြပေးမယ့် ဥပမာမှာ သူ့ပြိုင်ဘက် ကိုယ်စားလှယ်တဦးရဲ့ နောက်ကြောင်း အရှုပ်တော်ပုံတွေကို ဖော်ထုတ်ပေးဖို့ နိုင်ငံရေး လုပ်စားသူတဦးက တာဝန်ပေးပုံအကြောင်း George Crows ပြောထားတာကို လေ့လာကြည့်ရအောင်ပါ။

"We spent weeks trying to dig up dirt on this guy. We talked to his enemies and looked at court records. The only dirt we found is two traffic tickets for speeding."

"ဒီအမျိုးသားမှာ ဘာအရှုပ်တော်ပုံများ ရှိထားသလဲဆိုတာ သိရအောင် ကျနော်တို့ ကြိုးပမ်းရှာဖွေခဲ့တာ သတင်းအပတ် အတော်ကြာခဲ့ပြီ။ ကျနော်တို့က သူရန်ဘက်တွေကို မေးမြန်းခဲ့ပြီး တရားရုံးက မှတ်တမ်းတွေလည်း ရှာဖွေကြည့်ထားခဲ့တယ်။ တခုတည်း တွေ့တဲ့ သူ့သတင်းဆိုးကတော့ ကားမောင်းကြမ်းလို့ ယာဉ်ထိမ်းရဲက ဒဏ်တပ်ထားတဲ့ လက်မှတ်နှစ်ဆောင် ရခဲ့တာပဲရှိတယ်"

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနူန်းကတော့ dish the dirt ဖြစ်ပါတယ်။ Dish = ဒီနေရာမှာ ကြိယာအဖြစ် အသုံးပြုထားပြီး ပုဂံခွက်ထဲကို ခူးခပ်ထည့်သည်၊ Dirt = အညစ်အကြေး ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ် ဖွင့်ဆိုချက် "အညစ်အကြေးတွေကို ခူးခပ်ယူခြင်း" ဖြစ်ပါတယ်။ အီဒီယံ အသုံးအနှုန်းကတော့ "အရှုပ်တော်ပုံအကြောင်း သိက္ခာကျစရာအကြောင်းကို ဖြန့်ခြင်း" လို့ အဓိပ္ပါယ် ရပါတယ်။

လူတယောက်က သူ့မိတ်ဆွေတယောက်ကို သူတို့နှစ်ဦးစလုံး သိထားတဲ့ အိမ်ထောင်ရှင်အတွဲ တတွဲအကြောင်း အတင်းအဖျင်းပြောဆိုပုံပေးတဲ့ George Crows ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"I hear Pete and Mary aren't getting along these days. In fact, they say she is talking about a divorce. Bill, you are their closest friend. So, come on dish up the dirt about them."

"Pete နဲ့ Mary တို့ အခုတလော မကြည်ကြဘူးလို့ ကျနော် ကြားတယ်။ တကယ်တော့ အမျိုးသမီးက ကွာရှင်းဖို့ ပြောနေတယ်လို့ သူတို့က ဆိုကြတယ်။ Bill ခင်များက သူတို့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေမဟုတ်လား။ ကဲပါ သူတို့အကြောင်း အရှုပ်အရှင်းတွေ ခင်များသိတာ ပြောစမ်းပါဗျာ။"

တတိယံ တင်ပြပေးမယ့် အီဒီယံအသုံးအနူန်းက sweep the dirt under the rug ဖြစ်ပါတယ်။ Sweep = လှဲကျင်းသည်၊ Under = အောက်ဘက်၊ Rug = ကောဇော တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ် ဖွင့်ဆိုချက်က "ဖုန်တွေ အမှိုက်သရိုက်တွေကို ကောဇောအောက်ထဲကို လှဲကျင်းထဲ့သွင်းခြင်း" ဖြစ်ပါတယ်။ ရုတ်တရက် ဧည်သည်လာလို့ဖြစ်စေ၊ ပျင်းလို့ဖြစ်စေ အမှိုက်တွေကို လူမမြင်ရအောင် ကောဇောအောက်၊ ချောင်ကြိုချောင်ကြားထဲကို လဲှသိမ်းလိုက်သလိုပါ။ ဒီသဘောအတိုင်း အီဒီယံ အသုံးအနှုန်းက နေ့စဉ်ဘဝမှာ လူကြားသူကြား မကောင်းတဲ့ သတင်းတွေ၊ အကြောင်းအရာတွေ မပေါက်ကြားရအောင် ဖုံးအုပ်ဖုံးကွယ်လုပ်တဲ့ သဘောဖြစ်ပါတယ်။

မြို့နယ်ကောင်စီမှာ အရှုပ်တော်ပုံ ထွက်လာတဲ့သတင်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"The Mayor tried to sweep the corruption (dirt) at the city hall under the rug, but a smart TV reporter dug it up anyway. And, now three top city officials face criminal charges and maybe jailed."

"မြို့တော်ဝန်က မြို့တော်ခန်းမမှာ အာဂတိ လိုက်စားမှုအကြောင်းကို မပေါက်ကြား ရလေအောင် ဖုံးဖိဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘယ်ရမလည်း လျင်မြန်လှတဲ့ တီဗွီ သတင်းထောက်တဦးက အဲဒီအကြောင်းကို လိုက်စုံစမ်းဖော်ထုတ်နိုင်ခဲ့လို့ ထိပ်တန်မြို့နယ် ကောင်စီအရာရှိ သုံးဦးတို့ အခုဆို ရာဇဝတ်မှု နဲ့ တရားစွဲခံနေရပြီး ထောင်တောင် ကျမလား မသိဘူးဗျား။"

နောက်ဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနူန်း dirt cheap ဖြစ်ပါတယ်။ Cheap = ဈေးပေါသော၊ တန်းဖိုးနည်းသော ဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ် ဖွင့်ဆိုချက် ကတော့ "ဖုန်အမှိုက်သရိုက်လို တန်းဖိုးမရှိခြင်း" ဖြစ်ပါတယ်။ အီဒီယံ အသုံးအနှုန်းကတော့ "သိပ်ကိုဈေးပေါနေပြီ 'dirt cheap' လို့ ပြောဆိုပါတယ်။ မြန်မာစကားမှာ ပစ်စလက်ခတ် ဈေးပေါတာမျိုးကို ဆိုလိုပါတယ်။

အိမ်ဝယ်ရာမှာ ပစ်စလက်ခတ် တန်လို့ ဝယ်လိုက်မိတဲ့အကြောင်း George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Bill bought that house dirt cheap. Also, he thought. Then he heard it was haunted by the ghost of a murdered young woman. Now, he and his wife lie awake all night listening for strange noises."

"Bill က အဲဒီအိမ်ကို ပစ်စလက်ခတ် ပေါတဲ့ဈေးနဲ့ ဝယ်နိုင်ခဲ့တယ်။ ဒါကတော့ သူအထင်ပေါ့။ နောက်ကျတော့ အဲဒီအိမ်မှာ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတဦး သရဲခြောက်တယ်လို့ ကြားရော သူနဲ့သ့ူဇနီးတို့ ဟိုကအသံ ဒီကအသံ ထူးထူးဆန်ဆန် အသံတွေကို ကြားမလားလို့ တညလုံး မအိပ်နိုင်ဘဲ နိုးနေခဲ့ကြတယ်။"

XS
SM
MD
LG