သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Year အီဒီယံအသုံးအနှုန်းများ


New Year အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:05:15 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ အီဒီယံအသုံးအနှုန်းများမှာ Take stock of, Second wind နဲ့ Have a ball တို့ကို တင်ပြထားပါတယ်။

(၁) Take Stock of

ကုန်လွန်ခဲ့တဲ့ နှစ်ရဲ့ အဆိုးအကောင်းကို ပြန်ပြောင်းသုံးသပ်ပြီး၊ လာမယ့်နှစ်သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာကို ပြင်ဆင်ကြသူတွေ ရှိကြမှာပါ။ ဒီလို အခြေအနေမျိုးမှာ အသုံးပြုပြောဆိုနိုင်တဲ့ အီဒီယံအသုံးအနှုန်းက Take stock of ဖြစ်ပါတယ်။ Take (ယူဆောင်တာ) Stock (သိမ်းဆည်းသိုလှောင်ထားတာ) ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သိမ်းဆည်းထားတဲ့ လက်ကျန်ကုန်ပစ္စည်းတွေ ဘယ်၍ဘယ်မျှ ကျန်ရှိနေလည်းဆိုတာကို သိရအောင် စာရင်းကောက်ယူလုပ်ဆောင်ခြင်းလို့ ဖြစ်ပါတယ်။ အီဒီယံအသုံးကတော့ ဖြစ်ခဲ့တဲ့အခြေအနေကို အရှိအရှိအတိုင်း သုံးသပ်ကြည့်တာ ဖြစ်ပါတယ်။ ဒါဟာ နှစ်သစ်ရောက်လာတဲ့အခါ လူအများလုပ်နေကြ ထုံးစံဖြစ်ပါတယ်။

ဥပမာ

Taking stock I can say it was a good year. Both of us got promotions in our jobs. We bought a new house and our son, Joe, got into a good college.

ဖြတ်သန်းခဲ့တာတွေကို ပြန်သုံးသပ်မယ်ဆိုရင် နှစ်ကောင်းတနှစ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ နှစ်ဦးစလုံး အလုပ်တွေမှာ ရာထူးအသီးသီး တက်ခဲ့တယ်။ အိမ်သစ်တလုံးကို ဝယ်နိုင်ခဲ့တယ်။ ပြီးတော့ ကျနော်တို့သား Joe လည်း ကောလိပ်ကျောင်း ကောင်းကောင်းတခုကို ဝင်ခွင့်ရခဲ့တယ်။

(၂) Second Wind

Second (ဒုတိယ) Wind (လေ) ဖြစ်ပြီး၊ လုံးကောက်အဓိပ္ပါယ် ဒုတိယလေ ဖြစ်ပါတယ်။ ခရစ်စမတ်အတွက် အလုအယက် ဈေးဝယ်ထွက်ရာမှာ၊ ခြေကုန်လက်ပန်းကျနေကြသူတွေဟာ ခရစ်စမတ်အလွန်မှာ ဈေးချရောင်းတာတွေကို ကုန်တိုက်တွေမှာ ထပ်သွားဝယ်ကြလေ့ ရှိပါတယ်။ ဒီလိုတကြော့ ပြန်ဝယ်ကြတာဟာ အပြေးပြိုင်ပွဲတခုလိုပါဘဲ။ အားသွန်ပြေးရာမှာ မောပြီးအသက်ရှု မဝဖြစ်လာတဲ့အခါ ခဏနားပြီး၊ အမောလည်းပြေသလောက်ဖြစ်ရော ပြန်ဆက်ပြေးတဲ့သဘော ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ နောက်တခါ ပြန်စနိုင်ဖို့ အားမွေးတဲ့သဘော ဖြစ်ပါတယ်။

ဥပမာ

It is a good thing there was a whole week between Christmas and New Year. That gave me a chance to catch my second wind after Christmas parties and be ready to celebrate all over again.

ခရစ်စမတ် နဲ့ နှစ်သစ်ကူးကြားမှာ သတင်းတပတ်လုံးအချိန်ရှိနေတာ ဟန်ကျလိုက်တယ်။ ခရစ်စမတ်ပါတီတွေအပြီးမှာ အနားရပြီး နောက်ပွဲဆက်နိုင်ဖို့ အားမွေးနိုင်တဲ့ အခွင့်အလမ်းရခဲ့တာပေါ့။

(၃) Have a ball

ခရစ်စမတ်ပါတီ၊ နှစ်သစ်ကူးပါတီတွေကို သွားပြီး အပျော်ကြီး ပျော်ခဲ့တာကို Have a Ball လို့ ပြောပါတယ်။ Have ( ရှိတာ) ၊ ဒီနေရာမှာ Ball က ပြင်သစ်စကားဖြစ်တဲ့ Baller ဝေါဟာရ ကဆင်းသက်လာတာဖြစ်ပြီး ၊ စုံတွဲကကြတာဖြစ်ပါတယ်။ ပျော်လွန်း လို့ ထကကြတယ်လို့ မြန်မာမှာ ပြောကြသလို ၊ Have a ball ဆိုတဲ့ အီဒီယံအသုံးက စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ကြတာကို ဆိုလိုပါတယ်။

ဥပမာ

We all had a ball at our neighbor’s New Year party. Everybody was in a festive mood and we ate, drank, and danced all night.

ကျနော်တို့ အိမ်နီးချင်းမိတ်ဆွေတွေနဲ့ နှစ်သစ်ကူးပါတီမှာ ကျနော်တို့အားလုံး အပျော်ကြီးပျော်ခဲ့ကြတယ်။ လူတိုင်းက စိတ်လွတ်ကိုယ်လွတ်နဲ့ စားကြ၊ သောက်ကြ၊ ကခုန်ကြတာ တညလုံးပါပဲ။

XS
SM
MD
LG