သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကျေနပ်မှုကို ဖော်ညွှန်းတဲ့ အီဒီယံများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မကျေနပ်ချက်ရှိရင် ဘယ်လို အီဒီယံတွေကို အသုံးပြုနိုင်သလဲဆိုတဲ့ အသုံးအနှုန်းတွေဖြစ်တဲ့ Axe to grind, Settle a score နဲ့ To get even တို့ကို တင်ပြထားပါတယ်။

(၁) Axe to grind

Axe (ပုဆိန်)၊ to grind (ရှအောင်သွေးဖို့လိုတာ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပုဆိန်သွားအောင် ရှအောင်သွေးဖို့ လိုတာဖြစ်ပါတယ်။ ပုဆိန်သွားကိုရှအောင်သွေးဖို့လိုတယ်ဆိုကတည်းက စိတ်ထဲမှာ လူတဦးဦးကို မကျေနပ်လို့ ကလဲ့စားချေဖို့ ရည်ရွယ်တဲ့စိတ်ရှိတာကို ပေါ်လွင်စေပါတယ်။ ကျမတို့ မြန်မာမှာ “နေသေးသပ ခြုံထဲက ချိူသွေးလို့ တမြမြ” ဆိုသလိုပေါ့။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ အခဲမကျေ ဖြစ်နေတာ၊ ကလဲ့စားချေဖို့ ရှိနေတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ တေးထားတဲ့သဘော၊ တွေ့ကြအုံးမှာပေါ့ကွာ ဆိုတဲ့သဘောမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I have an axe to grind with John! He stole my idea of the business and now he is rich!
John အပေါ်ကျနော် အခဲမကျေဘူးဗျာ။ ဒီစီးပွားရေးလုပ်ငန်းလုပ်ဖို့ ကျနော့်အကြံကို သူခိုးသွားတယ်။အခုတော့ သူချမ်းသာနေပြီ။

(၂) Settle a score

Settle (ဖြေရှင်းစရာရှိတာ)၊ a (တခု)၊ score (စုစုပေါင်းရမှတ်) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စုစုပေါင်းအမှတ်နဲ့ ပတ်သက်လို့ ဖြေရှင်းစရာရှိတာပေါ့။ အားကစားမှာ တဦးနဲ့တဦး၊ တသင်းနဲ့တသင်း ယှဉ်ပြိုင်ကြမယ်ဆိုရင် အနိုင်အရှုံးကို အမှတ်နဲ့ ဆုံးဖြတ်ရာမှာ ကိုယ်ရထားတဲ့အမှတ်က ယှဉ်ပြိုင်နေတဲ့သူရဲ့ အမှတ်ထက်နည်းနေမယ်ဆိုရင် အဲဒီပွဲမှာမရှုံးချင်ဘူးဆိုရင် အမှတ်ပိုရအောင် ဒါမှမဟုတ် အမှတ်တူအောင် တော့ကြိုးစားဖို့ လိုမှာဖြစ်ပါတယ်။ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်ကတော့ ပြန်ကလဲ့စားချေဖို့၊ ပြန်ချေပဖို့လိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ မကျေပွဲ နွှဲဖို့ရှိတာကိုဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’m glad our football team has settled a score with the rival team !
ကျနော်တို့ ဘောလုံးအသင်းက တဖက် ပြိုင်ဘက်အသင်းကို မကျေပွဲ နွှဲနိုင်ခဲ့တာကို ကျနော် ဝမ်းသာတယ်ဗျာ။

(၃) To get even

To get (တခုခုကို ဖြစ်အောင်လုပ်တာ)၊ even (ဆတူ)၊ ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဆတူဖြစ်အောင် လုပ်ယူတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လူတဦးက ကိုယ့်ကို ထိခိုက်အောင် လုပ်တာကို ကိုယ်က အလားတူပဲ ပြန်လုပ်တာကို ဆိုလိုပါတယ်။ ပြန်ကလဲ့စားချေတာမျိုးပေါ့။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary said she’s going to get even with John for making fun of her!
John က သူကို လှောင်ခဲ့တဲ့အတွက် Mary က ပြန်ကလဲ့စားချေမယ်လို့ ပြောခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ Idiom အသုံးအနှုန်းတွေက Axe to grind, Settle a score နဲ့ To get even တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG