သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Business အီဒီယံအသုံးအနှုန်းများ


A man holds a handful of 5 Billion Zimbabwean dollar notes, in Harare.
A man holds a handful of 5 Billion Zimbabwean dollar notes, in Harare.

ဒီသီတင်းပတ် English American Style : Idioms and Expressions ကဏ္ဍမှာ - စီးပွားရေး (Business) လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ To bankroll someone, More bang for the buck နဲ့ A calculated risk တို့ကို တင်ပြထားပါတယ်။

Business အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:05:38 0:00
တိုက်ရိုက် လင့်ခ်


(၁) To Bankroll someone

Bankroll (noun) ကိုနာမ်အဖြစ် အသုံးပြုမယ်ဆိုရငအဓိပ္ပါယ်က(ငွေစက္ကူအလိပ်) ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ to bankroll (verb) ကြိယာအနေနဲ့ အသုံးပြုထားတာဖြစ်ပြီး (ငွေစက္ကူအလိပ်ကို ထုတ်ပေးတာ) လို့အဓိပ္ပါယ်ရပါတယ်။ Someone (တဦးတယောက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ကို ငွေစက္ကူအလိပ်လိုက် ထုတ်ပေးတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှဘူးလို့ ဆိုရမှာပါ။ လူတဦး စီးပွားရေးလုပ်ဖို့ လုပ်ငန်းတခုခုလုပ်ဖို့ကို ငွေစိုက်ထုတ်ပေးတာ၊ ငွေအရင်းအနှီး မတည်ပေးတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The millionaire bankrolled his son to produce his first movie.

အဲဒီ သန်းကြွယ်သူဌေးကြီးက သူ့သား ပထမဦးဆုံး ရုပ်ရှင်ရိုက်ဖို့ ငွေအရင်းအနှီးစိုက်ထုတ်ပေးတယ်။

(၂) More Bang for the buck

More (ပိုရတာ)၊ bang (ကျယ်လောင်တဲ့အသံ)၊ for (အတွက်)၊ the buck က ဒီနေရာမှာ (ငွေသား ၊ ပိုက်ဆံ)ကို ဘန်းစကားအရ ရည်ညွှန်းသုံးထားခြင်း ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပေးထားတဲ့ငွေ ဒါမှမဟုတ် ပိုက်ဆံထက် bang ဆိုတဲ့အသံ ပိုကျယ်ကျယ်မြည်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ bang … bang ဆိုပြီး သေနတ်ပစ်သံ၊ ဗျောက်အိုးဖောက်သံတွေကို စာတွေမှာ ရည်ညွှန်းအသုံးပြုတာကိုကြားဖူး။ ဖတ်ဖူးကြမှာပါ။ သီတင်းကျွတ်ပွဲတော်တွေမှာဆို လူငယ်တွေ ဗျောက်အိုးဝယ်ဖောက်ကြတာကို ဥပမာပေးပြီးရှင်းပြရရင်တော့ ပိုက်ဆံပေးဝယ်ပြီး ဖောက်တဲ့ဗျောက်အိုးဟာ ပေးတဲ့ငွေထက် ပိုတန်ပြီးတော့ အသံကျယ်ကျယ် ပိုမြည်တာမျိုး ရည်ညွှန်းတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဝယ်သူတဦးအနေနှင့်၊ ပေးတဲ့ငွေရဲ့တန်ရာတန်ကြေးထက် ပိုရတဲ့သဘော ဖြစ်ပါတယ်။ တနည်းတော့သိပ်ကိုတန်နေတာဖြစ်ပါတယ်။အသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John got more bang for his buck when he bought his friend’s car. It was in excellent condition and a lot cheaper, too.

John က သူ့မိတ်ဆွေရဲ့ကားကိုဝယ်လိုက်တာ အရမ်းကိုတန်တာဘဲ။ ကားအခြေအနေကလည်း သိပ်ကောင်းတဲ့အပြင် ဈေးကလည်း အတော်လေးသက်သာတယ်။

(၃) A Calculated Risk

A (တခု)၊ calculated (တွက်ချက်တာ)၊ risk (အန္တရာယ်၊ အရဲစွန့်မှု) လို့ အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တွက်ချက်ပြီးတော့ယူတဲ့ အန္တရာယ် ဒါမှမဟုတ် အရဲစွန့်မှု ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်းရှင်းပါတယ်။ စီးပွားရေး လုပ်ကိုင်ရာမှာ၊ ရင်းနှီးမြှုပ်နံှရာမှာ အရှုံးအမြတ်ရှိနိုင်မယ့် အန္တရာယ်ကို သေသေချာချာ စဉ်းစားတွက်ချက်ပြီး စွန့်စားပြုလုပ်တာ ဖြစ်ပါတယ်။ အရှုံးပေါ်တဲ့ အလားအလာကို သေသေချာချာ စဉ်းစားတွက်ချက်ပြီး ၊ စွန့်လုပ်ရာမှာ ကံကောင်းလို့ အောင်မြင်နိုင်တဲ့ အလားအလာရှိတဲ့ အရဲစွန့်မှုမျိုးကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။ မြန်မာမှာသေမြေကြီး ၊ ရှင်ရွှေထီး ဆိုတဲ့ ဆိုရိုးစကားလို ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John took a calculated risk when he hired the manager. He was lucky as his company became very successful.

အဲဒီ မန်နေဂျာကို ငှားတုံးက John က သေသေချာချာ စဉ်းစားတွက်ချက်ပြီး အရဲစွန့်ငှားလိုက်တာ။ သူ ကံကောင်းတယ်လေ။ သူ့ ကုမ္ပဏီက အခု သိပ်ကိုအောင်မြင်နေပြီ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ စီးပွားရေး (Business) ကို အခြေခံတဲ့ idiom အသုံးတွေက To bankroll someone, More bang for the buck နဲ့ A calculated risk တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG