သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cool စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


People cool off at the water park during the "Circuit" the international gay festival in Vilassar de Dalt, Spain, Aug. 9, 2016.
People cool off at the water park during the "Circuit" the international gay festival in Vilassar de Dalt, Spain, Aug. 9, 2016.

ဒီတပတ် English American Style Idioms and Expressions ကဏ္ဍ မှာ Cool ကို အခြေခံတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Keep a cool head, Keep your cool, Lose your cool နဲ့ Cool your heels တို့ကို တင်ပြပေးထားပါတယ်။

(၁) Keep a cool head

Keep (ထားပါ)၊ a (တစ်ခု)၊ cool (အေးမြတာ)၊ head (ဦးခေါင်း) ဆိုတော့ စကားစုတခုလုံးရဲ့ အေးမြတဲ့ဦးခေါင်းကိုထားပါ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ အရေးကြုံတဲ့အခါ စိတ်ထိန်းနိုင်တာ၊ ပြာယာမခတ်ဘဲ ခေါင်းအေးအေးထား စဉ်းစားနိုင်တာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

You have to keep a cool head in handling a crisis if you want to be a leader.

ခေါင်းဆောင်လုပ်ချင်တယ်ဆိုရင် ခင်ဗျားအနေနဲ့ အရေးပေါ်အခြေအနေမှာ ခေါင်းအေးအေးထား စဉ်းစားကိုင်တွယ်နိုင်ရမယ်။

(၂) Keep your cool

Keep (ထားပါ)၊ your (သင့်ရဲ့)၊ cool (အေးမြတာ) ဆိုတော့ ဒီစကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင့်ရဲ့စိတ်ကို အေးအေးထားပါဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အခက်အခဲတွေ့တဲ့အခါ စိတ်လှုပ်ရှားမှု သိပ်မပြတာ၊ စိတ်အေးအေး၊ စိတ်ငြိမ်ငြိမ်ထားတာ၊ မျက်နှာပျက်ခြင်း မရှိဘဲ ဣန္ဒြေဆည်ထားနိုင်တာ၊ ကိုယ့်စိတ်ကိုယ် ထိန်းထားနိုင်တာ၊ ဘာမှမဖြစ်သလို နေနိုင်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

When you go for a job interview, you have to keep your cool and do the best you can.

အလုပ်လျှောက်ထားလို့ တွေ့ဆုံမေးမြန်းခန်းသွားမယ်ဆိုရင် စိတ်အေးအေးထားပြီး အတတ်နိုင်ဆုံး ကြိုးစားဖို့လိုတယ်။

(၃) Lose your cool

Lose (ဆုံးရှုံးတာ)၊ your (သင့်ရဲ့)၊ blessing (အေးမြတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင့်ရဲ့ အေးမြတဲ့စိတ်ကို ဆုံးရှုံးတာ ဖြစ်ပါတယ်။ စောစောက တင်ပြခဲ့တဲ့ စိတ်ကိုအေးအေးထားပြီး ထိန်းပါဆိုတဲ့ Keep your cool အီဒီယံနဲ့ ဆန့်ကျင်ဘက်လို့ ဆိုရမယ့် Lose your cool အသုံးကတော့ ရုတ်တရက် ကိုယ့်ဒေါသစိတ်၊ ဝမ်းနည်းတဲ့စိတ် စသဖြင့်ကို မထိန်းနိုင်တာ၊ စိတ်လွတ်သွားတာ၊ အော်လားဟစ်လား၊ ရိုက်လားနှက်လား၊ ထိုးလားကျိတ်လား၊ ငိုလားယိုလား ဖြစ်ရတဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တိုတိုပြောရရင်တော့ ဒေါသထွက်တာကို မထွက်သယောင် ဟန်ဆောင်ပြီးတော့ မနေနိုင်တာ၊ စိတ်ကို မထိန်းထားနိုင်တာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ဒေါသအိုး ပေါက်ကွဲတယ်ဆိုတဲ့ အသုံးနဲ့ဆင်တူပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My neighbor’s dog barked all night so I lost my cool and banged at his door.

ကျနော့် အိမ်နီးချင်းခွေးက တညလုံး ဟောင်လိုက်တာ။ ကျနော်လည်း ဒေါသကို မထိန်းနိုင်တော့ဘဲ သူ့အိမ်တံခါးကို သွားထုလိုက်တယ်။

(၄) Cool your heels

Cool က ဒီနေရာမှာ Verb (ကြိယာ) အဖြစ် သုံးထားပြီး အဓိပ္ပါယ်ကတော့ အေးအောင်လုပ်တာ၊ your (သင့်ရဲ့)၊ heels (ခြေဖနောင့်တွေ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ ခြေဖနောင့်တွေကို အေးအောင်လုပ်တာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိတ်တိုနေတာ၊ ဒေါသထွက်နေတာကို ခြေလွန်လက်လွန် မဖြစ်စေဖို့၊ စိတ်ငြိမ်သွားအောင် တခုခုလုပ်တာကို ဆိုလိုပါတယ်။ ဥပမာ ဒေါသသိပ်ထွက်နေတဲ့လူကို သူကို ဒေါသထွက်အောင်လုပ်တဲ့ လူနဲ့ ချက်ချင်းပေးမတွေ့ဘဲ အပြင်မှာ ခဏစောင့်ခိုင်းထားတာ၊ စိတ်ကိုအေးအေးထားဖို့ ပြောတာမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ တိုတိုပြောရမယ်ဆိုရင်တော့ စိတ်ပြေရလေအောင် ခဏထိန်းထားတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးဟာ နောက်အဓိပ္ပါယ်တမျိုးလည်း ရှိပါတယ်။ အဲဒါကတော့ ခဏစောင့်ခိုင်းထားတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our flight was delayed for three hours so we had to cool our heels at the airport.

ကျနော်တို့ လေယာဉ်ပျံက (၃) နာရီ နောက်ကျတော့ လေဆိပ်မှာ ခြေညောင်းအောင် စောင့်ရတော့တယ်။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီယံအသုံးတွေမှာ Keep a cool head, Keep your cool, Lose your cool နဲ့ Cool your heels တို့ဖြစ်ပါတယ်။

XS
SM
MD
LG