သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်အမေရိကန် သတင်းလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


A dust storm sweeps through a makeshift camps in Baidoa, west of Somalia's capital Mogadishu, March 26, 2017.
A dust storm sweeps through a makeshift camps in Baidoa, west of Somalia's capital Mogadishu, March 26, 2017.
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်အမေရိကန် သတင်းလောကမှာ အသုံးများနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Bite the dust, Uphill battle နဲ့ Witch hunt တို့ကို တင်ပြထားပါတယ်။

(၁) Bite the dust

Bite (ကိုက်တာ)၊ the dust (ဖုန်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကဖုန် ကိုကိုက်တာဖြစ်ပါတယ်။ ဒီအသုံးကို ၁၇၅၀ ခုက Scottish စာရေးဆရာ Tobias Smollett က စတင်သုံးခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က သူက သူ့ရဲ့ စွန့်စားခန်းဝထ္တုထဲမှာ လူနှစ်ယောက် ဖုန်ထဲမှောက်ရက်ကျတယ်၊ တခြားလူတွေက ထွက်ပြေးသွားတယ်လို့ ရေးရာမှာ လဲကျသွားလို့ သေသွားတယ်ဆိုတာကို ရည်စူးပြီး ဖုန်ထဲမှောက်ကျသွားတယ်ဆိုတာကို တင်စားပြောရာမှာ Bite the dust ကို သုံးခဲ့တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အသက်ထွက်တာ၊ သေတာ၊ နိဂုံးချုပ်တာ၊ မြန်မာဘန်းစကားမှာတော့ကိစ္စချောတာကို ဆိုလိုပါတယ်။ ဒီအသုံးကို လူတွေနဲ့သာမကပါဘူး ကိစ္စတခုခု၊ လုပ်ငန်းတခုခု၊ ပစ္စည်းတခုခု အကြောင်းကြောင်းကြောင့် ပျက်သွားတယ်ဆိုရင်လဲ Bite the dust အီဒီယံကို သုံးနိုင်ပါတယ်။ ဒီအီဒီယံကို သမ္မတ Trump က သူ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်ကာလ NAFTA ခေါ် မြောက်အမေရိက လွတ်လပ်တဲ့ ကုန်သွယ်ရေးစာချုပ်က အမေရိကန်နိုင်ငံသားတွေအတွက် အကျိုးမရှိလို့ လုံးဝဖျက်သိမ်းပစ်မယ်လို့ ကတိပေးခဲ့ပေမယ့်လို့လဲ သူ အခု သမ္မတ ဖြစ်လာပြီးနောက်မှာတော့ မကြာသေးမီက လွှတ်တော်ကို တင်သွင်းတဲ့ NAFTA သဘောတူညီမှု မူကြမ်းမှာ အပြောင်းအလဲတွေ သိပ်ကြီးကြီးမားမား လုပ်ထားတာမတွေ့ရတဲ့အတွက် Trump အနေနဲ့သူပေးထားတဲ့ နောက်ကတိတခုလဲ ဘာမှဖြစ်မလာဘူးဆိုပြီး Washington Post သတင်းစာကြီးက “Another Trump promise bites the dust” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ရဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My old computer bit the dust yesterday. I’m going to buy a new one.

ကျနော့် ကွန်ပြူတာအဟောင်းကြီး မနေ့က ပျက်သွားတယ်။ ကျနော် အသစ်တလုံး ဝယ်ရတော့မယ်။

(၂) Uphill battle

Uphill (တောင်အတက်)၊ battle (တိုက်ပွဲ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က တောင်အတက်မှာ တိုက်တဲ့တိုက်ပွဲ ဖြစ်ပါတယ်။ တောင်အတက်ဆိုကတည်းက ဘယ်လောက်ခက်ခဲမယ်ဆိုတာကို တင်စားပြောထားတဲ့အတွက် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က သိပ်ကိုခက်ခဲတဲ့ ကြိုးပမ်းမှု၊ ရုန်းကန်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump အစိုးရက Obamacare ကျန်းမာရေးပြုစုစောင့်ရှောက်မှုကို အစားထိုးဖို့ ကြိုးပမ်းရာမှာ အောင်မြင်မှုမရခဲ့သလို၊ နောက်ကြိုးပမ်းမှုတခုဖြစ်တဲ့ အခွန်ငွေလျှော့ချဖို့လုပ်ပေးမယ်ဆိုတဲ့ အစီအစဉ်ဟာလဲ လွှတ်တော်တင်တဲ့အခါ သဘောတူညီမှု ရနိုင်ဖို့ မလွယ်တဲ့ အခြေအနေ နဲ့တွေ့ကြုံဖို့ရှိတဲ့အတွက် ဒီကြိုးပမ်းမှုဟာလဲ တောင်အတက်မှာတိုက်တဲ့ တိုက်ပွဲလိုပဲ သိပ်ပြီးတော့ ခက်ခဲမယ်ဆိုပြီးတော့ Uphill battle

အီဒီယံကို ရည်ညွှန်းသုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

It’s an uphill battle for the Myanmar government to get all the ethnic armed groups to sign the peace deal.

တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအားလုံး ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးဟာ မြန်မာအစိုးရအတွက် သိပ်ကိုခက်ခဲလှတဲ့ ကြိုးပမ်းမှုတရပ် ဖြစ်ပါတယ်။

(၃) Witch hunt

Witch (စုန်:)၊ Hunt (ခြေရာခံလိုက်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စုန်းကို ခြေရာခံလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ရှေ့တုန်းက ရွာတွေမှာ စုန်းပညာတတ်တဲ့ လူတွေဟာ အန္တရာယ်ရှိတယ်၊ ပြုစားနိုင်တယ်လို့ ယူဆပြီး လူတွေက စုန်းကို မတွေ့တွေ့အောင် လိုက်ရှာပြီး ရွာကနေ နှင်းထုတ်တာ၊ မီးရှို့သတ်ပြစ်တာအထိ လုပ်တဲ့ အစဉ်အလာကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ခုခေတ်မှာတော့ နိုင်ငံရေးလောကမှာ လူတဦး ဒါမှမဟုတ် အဖွဲ့အစည်းတခုရဲ့နိုင်ငံရေး ခံယူချက်၊ အတွေးအခေါ် စသဖြင့်ဟာ လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုနိုင်တယ်ဆိုပြီး ပတ်ဝန်းကျင်ရဲ့ ရှုမြင်ခြင်းကို ခံရတဲ့အတွက် အဲဒီလူ ဒါမှမဟုတ် အဲဒီအုပ်စုကို မဲပြီး ဝိုင်းတိုက်ခိုက်ကြတာ၊ အကြောင်းမရှိ အကြောင်းရှာပြီး ဝိုင်းပြစ်တင်ဖို့ ကြိုးစားကြရာမှာ ဒီအသုံးကို တင်စားသုံးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က သဘောမကျတဲ့ အကြောင်းတခုခုကြောင့် လူတဦးဦးကို အပြစ်မရှိ၊ အပြစ်ရှာ ဝိုင်းမဲကြတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် Michael Flynn ဟာ ရုရှားက ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုရှိတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒီမိုကရက်လွှတ်တော်အမတ်တွေက စုံစမ်းဖော်ထုတ်ကြဖို့ သဲသဲမဲမဲဝိုင်းတောင်းဆိုကြရာမှာ အခုလို လုပ်တာဟာ Witch hunt ဆိုပြီး သမ္မတ Trump က သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတ Trump က ဘယ်လိုသုံးခဲ့သလဲ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

President Trump said Russia probe is a witch hunt.

ရုရှားနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုဟာ အကြောင်းမရှိ အကြောင်းရှာ ဝိုင်းမဲနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ Trump ကပြောခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက Bite the dust, Uphill battle နဲ့ Witch hunt တို့ ဖြစ်ပါတယ်။

XS
SM
MD
LG