သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election အီဒီယံအသုံးအနှုန်းများ


Election အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:06:13 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာလည်း ရွေးကောက်ပွဲဆိုင်ရာ Up for grabs, Wild card နဲ့ Level playing field စတဲ့ အီဒီယံအသုံးအနှုန်းတချို့ကို တင်ပြပေးသွားပါမယ်။

(၁) Up for grabs

Up (အပေါ်)၊ For (အတွက်)၊ Grabs (လက်နဲလုဖို့ ဒါမှမဟုတ် ဖမ်းဖို့) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ဖမ်းဖို့ လုယူဖို့ အပေါ်မြှောက်တင်ပေးလိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ပစ္စည်းတခုကို အပေါ်မြှောက်ပစ်လိုက်ပြီး ဖမ်းမိတဲ့လူ ယူဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ရသူယူဆိုတဲ့ သဘောမျိုးလည်း ဆိုနိုင်ပါတယ်။ ရွေးကောက်ပွဲတွေ၊ ရာထူးရွေးချယ်ပွဲတွေမှာလည်း ဒီအတိုင်းပါပဲ။ ရာထူးအတွက်၊ ဒါမှမဟုတ် မဲဆန္ဒနယ်မြေအတွက် ဘယ်သူကနိုင်မယ်၊ ဘယ်သူကို ရွေးမယ်ဆိုတာကို အတိအကျ မပြောနိုင်ဘဲ၊ ကြိုးစားတဲ့လူ၊ မဲဆွယ်ကောင်းတဲ့လူ၊ တခါတရံလဲ ကံကောင်းတဲ့လူ နိုင်မယ့်နေရာမျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ နိုင်ငံရေးပါတီတွေရဲ့ အမာခံနယ်မြေတွေ မဟုတ်ကြဘဲ၊ အဲဒီနယ်က မဲဆန္ဒရှင်တွေဟာ ဘယ်ပါတီကပဲဖြစ်ဖြစ် သူတို့ကြိုက်ရင် သူတို့ရွေးမယ်။ မဲပေးမယ်ဆိုတဲ့ မဲဆန္ဒနယ်မြေဆိုရင် up for grabs ဆိုတဲ့အသုံးကို ရည်ညွှန်းသုံးပါတယ်။ ရာထူးအတွက်လည်း ရွေးချယ်ရာမှာ ဒီရာထူးအတွက် ဘယ်သူကို ခန့်အပ်မယ်ဆိုတာကို သတ်သတ်မှတ်မှတ် ကြိုတင်ရာထားတာ မရှိဘဲ၊ အရည်အချင်းပြည့်သူ၊ ကြိုးစားသူ။ ကံကောင်းလို့ စသဖြင့် သဘောကျရင် ကျသလို ခန့်နိုင်မယ့် အခြေအနေမျိုးကို ဒီ အီဒီယံကို ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဦးသူယူ၊ ရသူယူဆိုတဲ့ သဘောမျိုးလည်း ဆိုနိုင်ပါတယ်။ Up for grabs အသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

This constituency in delta area is up for grabs. We just don’t know who will win.

မြစ်ဝကျွန်းပေါ်က အဲဒီ မဲဆန္ဒနယ်မြေကတော့ ရသူယူမယ့် အနေအထားမျိုးပဲ။ ဘယ်သူက နိုင်မယ်ဆိုတာကို ခန့်မှန်းရခက်တယ်။

(၂) Wild card

Wild (အရိုင်း) Card (ဖဲချပ်) တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဖဲခြပ်အရိုင်း ဖြစ်ပါတယ်။ ဒီအသုံးက ဖဲကစားရာမှာ လူသိများတဲ့ ဂျိုကာ လိုမျိုးပါပဲ။ လိုတဲ့နေရာမှာ သုံးနိုင်တဲ့ ဖဲခြပ်ကို ခေါ်တာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဂျိုကာ လိုမျိုး ဖဲခြပ်ကို လိုတဲ့နေရာမှာ သုံးနိုင်တဲ့အတွက်ကြောင့်လဲ ဂျိုုကာလက်ထဲ ရောက်နေသူအနေနဲ့ သူလိုတဲ့ နေရာကို ထည့်သုံး သုံးနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အဲဒီဖဲဟာ တခြားဖဲတွေလို၊ ဘာဖဲဖြစ်တယ်ဆိုတာကို ကြိုတင်ပြောနိုင်ဖို့ခက်တဲ့ ဖဲမျိုး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလဲ အလားတူပါပဲ။ Wild card က လူတဦး ဒါမှမဟုတ် ကိစ္စတခုခု၊ အကြောင်းအရာတခုခုရဲ့ အနေအထားမျိုး ကြိတင်ခန့်မှန်းရ ခက်တာမျိုးကို ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ wild card နဲ့ ပတ်သက်တဲ့အသုံး ပေးထာတဲ့ အသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The wild card in the upcoming general election is the advanced votes. No one knows how these votes will turn out.

လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လို အဖြေထွက်မလဲ ဆိုတာကတော့ အကဲခတ်ဖို့ ခက်တာက၊ ကြိုတင်မဲတွေပါပဲ။ အဲဒီ မဲတွေ ဘယ်လို အဖြေထွက်မလဲဆိုတာကို ဘယ်သူကမှ မသိနိုင်ကြဘူး

(၃) Level playing field

Level (ညီတာ၊ တူတာ၊ တတန်းတည်ဖြစ်တာ )၊ Close (နီးကပ်တာ)၊ Playing (ကစားတာ)၊ Field (လွင်ပြင်၊ ကွင်း) ဆိုတော့ စကားစုတခုလုံးရဲ့ မြေပြင်ညီတဲ့ ကစားကွင်း၊ တပြေညီတဲ့ ကစားကွင်း ဖြစ်ပါတယ်။ ဒီနေရာမှာ Field က မျက်စိနဲ့ မြင်တွေ့ရတဲ့ ကွင်းပြင်လို၊ ရုပ်ဝတ္ထုတွေလို မျက်စိနဲ့ မမြင်နိုင်တဲ့ ကစားရာမှာ အခြေအနေ၊ အနေအထားမျိုးကိုလည်း ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ အားကစားပွဲတိုင်းမှာ စည်းမျဉ်းတွေရှိကြတဲ့အတိုင်း ကစားသမားတိုင်းအနေနဲ့ ပြိုင်ပွဲတခုခုမှာ နိုင်ဖို့ အခွင့်အရေး တန်းတူရကြတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ တဘက်ကနေ မညစ်ထားဖို့ ၊ တဘက်ကို အသာစီး ပေးထားတာမျိုး မဖြစ်တဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလဲ မကွာလှပါဘူး။ အခွင့်အရေးအားလုံး တန်းတူရကြတာ။ အခြေအနေဟာ တဘက်စောင်းနင်း မဖြစ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ အခြေအနေမျိုးမှာ နိုင်ငံရေးပါတီတွေနဲ့ အားလုံးတန်းတူ အခွင့်အရေးရကြတာ၊ မဲဆွယ်လှုပ်ရှားရာမှာလဲ အခွင့်အရေးတူတူ ရကြတာမျိုးကို ဒီအသုံးနဲ့ သုံးနိုင်ပါတယ်။ Level playing field အသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Despite the lack of level of playing field during the election, voters were able to express their right to choose.

ရွေးကောက်ပွဲမှာ အခြေအနေဟာ တဘက်စောင်းနင်း ဖြစ်နေပေမယ့်လို့လဲ မဲဆန္ဒရှင်တွေက သူတို့ ရွေးချယ်ပိုင်ခွင့်ရှိတာကို သက်သေပြနိုင်ခဲ့ကြတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Election နှင့် ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေက Up for grabs, Wild card နဲ့ Level playing field တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG