သုံးရလွယ်ကူစေသည့် Link များ

Liberal and Conservative ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Campaign 2016 Trump: Republican presidential candidate Donald Trump holds up a "Christian Conservatives for Trump" sign at a rally, Wednesday, Sept. 28, 2016, in Council Bluffs, Iowa.
Campaign 2016 Trump: Republican presidential candidate Donald Trump holds up a "Christian Conservatives for Trump" sign at a rally, Wednesday, Sept. 28, 2016, in Council Bluffs, Iowa.
တိုက်ရိုက် လင့်ခ်


ဒီတပတ် English-American Style Idioms ကဏ္ဍမှာ ပါတီစုံ နိုင်ငံရေးစနစ် ကျင့်သုံးကြတဲ့ တိုင်းပြည်များမှာ ပါတီတွေရဲ့ သဘောထားအမြင်အမျိုးမျိုး ကွဲပြားခြားနားတာကို Liberal နှင့် Conservative လက်ဝဲယိမ်း နဲ့ လက်ျာယိမ်းအဖြစ် အမျိုးမျိုးကင်ပွန်းတပ် ပြောဆိုလေ့ရှိတဲ့အသုံးအနှုန်းတချို့ကိုတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း အခြေအနေဟာ တခြားတိုင်းပြည်များနည်းတူပါပဲ။ Liberal နှင့် Conservative – Left-wing လက်ဝဲဝါဒီ နှင့် Right-wing လက်ျာဝါဒီ ဆိုတဲ့ ဝေါဟာရတွေဟာ သတင်းစာနယ်ဇင်းနဲ့ ရုပ်မြင်သံကြားလောကမှာ နိုင်ငံရေးသမားတွေကို ခပ်နှိပ်ထားတဲ့ တံဆိပ်တွေပဲ ဖြစ်ပါတယ်။ Liberal ကတော့ သဘောထားအမြင် ပွင့်လင်းသူ၊ နိုင်ငံရေး၊ စီးပွားရေး နဲ့ လူမှုရေးမှာ အပြောင်းအလဲကို လိုလားသူဖြစ်ပါတယ်။ တနည်းဆိုလက်ဝဲဝါဒီဖြစ်ပါတယ်။ တဘက်မှာတော့ လကျ်ာယိမ်းသူဖြစ်တဲ့ Conservative ဟာ ရှေးရိုးဆန်ပြီး အခြေအနေကို ဗိုလ်နေမြဲ၊ ကျားနေမြဲ ထားလိုပြီး၊ အဓိက အပြောင်းအလဲတွေကို မလိုလားကြသူတွေဖြစ်ပါတယ်။ တကယ်ဆို Liberal နှင့် Conservative ဝေါဟာရတွေဟာ အပြုသဘောတဲ့ အသုံးအနှုန်းတွေဖြစ်ကြပေမဲ့နိုင်ငံရေး မဲဆွယ်လှုပ်ရှားရာမှာ ကိုယ်စားလှယ်လောင်းတို့အနေနဲ့ ဒီအသုံးတွေကိုအပြန်အလှန် ပုတ်ခတ်ပြောဆိုရာမှာနဲ့ပြစ်တင်ဝေဖန်ရာမှာအသုံးပြုလာကြတဲ့အတွက်အနှုတ်လက္ခဏာသဘောမျိုးဆောင်လာတာ ဖြစ်ပါတယ်။

လွှှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသူနှစ်ဦး ကောက်ချက်ချ ပြောကြားရာမှာဒီအသုံးတွေကိုဘယ်လိုရည်ညွှန်းသုံးခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My opponent is just another liberal like the rest of that left-wing crowd. All he offered was higher taxes, more spending and more waste of our money by the government in Washington.

ကျနော့်ရဲ့ ယှဉ်ပြိုင်ဘက်က သဘောထားအမြင်ပွင့်လင်းတဲ့လက်ဝဲပါတီအုပ်စုထဲက လူတွေအတိုင်းပါဘဲ။ သူလုပ်ပေးမယ်လို့ပြောခဲ့တာကတော့ အခွန်တွေတိုးကောက်မယ်၊ ငွေပိုသုံးမယ်၊ ဝါရှင်တန်ရှိ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ငွေကို ပိုဖြုန်းတီးရာရောက်မဲ့အကိစ္စတွေပါပဲ။

သူ့ရဲ့ ယှဉ်ပြိုင်ဘက်က ဘယ်လိုပြန်ပြီး ချေပခဲ့ပါသလဲဆိုတဲ့ဥပမာကိုလဲလေ့လာကြည့်ရအောင်ပါ။

And, my opponent is one of those right-wing conservatives. If you elect him, he will work for fat cats and big businesses, not middle-class or ordinary working people.

ကျနော်ရဲ့ ယှဉ်ပြိုင်ဘက်က ရှေးရိုးစွဲ လက်ျာယိမ်းတဦးပါ။ သူ့ကိုသာ ရွေးကောက်တင်မြှောက်လိုက်မယ်ဆိုရင် သူက သူဌေးကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးကိုပဲဆောင်မှာ။ လူလတ်တန်းစား ဒါမှမဟုတ်သာမန်အလုပ်သမားတန်းစားကိုအကျိုးပြုမှာမဟုတ်ဘူး။

အထက်ပါ ဥပမာနှစ်မျိုးမှာ လက်ဝဲဝါဒီ နဲ့ လကျ်ာဝါဒီ အသုံးအနှုန်းနှစ်ခုကို ညှပ်သုံးလိုက်တာ သတိထားမိကြပါလိမ့်မယ်။ ဒီအသုံးနှစ်မျိုးဟာ Liberal နှင့် Conservative အသုံးတွေထက် ခံစားချက် ပိုပြင်းတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့်လဲ တဦးနဲ့တဦး ထိုးနှက်ကြရာမှာ ထည့်ပြီးသုံးကြလေ့ ရှိတာဖြစ်ပါတယ်။ တကယ်တော့ သူတို့ နှစ်ဦးစလုံးက လကျ်ာယိမ်း၊ လက်ဝဲယိမ်းဆိုပြီး ထည့်သုံးကြပေမယ့် Liberal နှင့် Conservative ကြား စည်းခြားထားတာမရှိရင် Moderate ဆိုတဲ့ အသုံးကို သုံးလေ့ရပါတယ်။ ရှေးရိုးလည်း မကျ ၊ ခေတ်ရှေ့လည်းသိပ်မပြေးတဲ့ အမြင်မျိုးကို စွဲကိုင်ထားသူလို့ဆိုနိုင်ပါတယ်။ အပြောင်းအလဲတော့ လိုချင်ပေမယ့် သိပ်မြန်မြန်မလိုချင်သလို၊ များများလည်း မလိုချင်တဲ့သဘောဖြစ်ပါတယ်။

အလယ်အလတ်လိုင်း လိုက်တဲ့လူတွေကို ရည်ညွှန်းတဲ့ နောက်ထပ်အသုံးတမျိုးကတော့ Middle of the road ဆိုတဲ့အသုံး ဖြစ်ပါတယ်။ Middle (အလယ်)၊ Road (လမ်း) ဆိုတော့ အလယ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ အလယ်လမ်းဆိုတိုင်းအမြဲတမ်းတော့ အန္တရာယ်ကင်းတယ်လို့ မဆိုနိုင်ပါဘူး။ အထူးသဖြင့် အစွန်းရောက် Radical တဦးက ကိုယ်သွားနေတဲလမ်းအတိုင်း ဒလစပ် မောင်းလာမယ်ဆိုလို့ရှိရင် ကိုယ့်ကိုဝင်တိုက်နိုင်တဲ့အနေအထားမျိုးရှိပါတယ်။

Radical ဆိုတဲ့အစွန်းရောက်အယူအဆရှိသူကိုတော့သတိထားရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေး လောကမှာတော့ ဒီလိုလူမျိုးတွေကို လက်ျာယိမ်း အစွန်းရောက်တွေ၊ အပြောင်းအလဲကို ချက်ချင်းနဲ့ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း ဖော်ဆောင်လိုကြသူတွေလို့ ယူဆကြပါတယ်။ ဒီအသုံးကို လက်ျာစွန်းရောက်သူတွေကိုလည်း ရည်ညွှန်းသုံးလာကြသလို လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးကို အရင်က ရှိရင်းစွဲအတိုင်း ပြန်ဖြစ်လိုကြသူတွေကိုလည်း ဒီခေတ်မှာရည်ညွှန်းသုံးလာကြပါပြီ။

Radical အသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My opponent and his radical friends plan to put the same government control over private businesses that they used to have in the Soviet Union before communism fell apart.

ကျနော့် ယှဉ်ပြိုင်ဘက်နဲ့ အစွန်းရောက် မိတ်ဆွေတွေက ကွန်မြူနစ်စနစ်ကြီး မပြိုလဲမီက ဆိုဗီယက်ယူနီယံမှာ ရှိခဲ့တဲ့ စနစ်ဖြစ်တဲ့ ပုဂ္ဂလိဂပိုင် စီးပွားရေးလုပ်ငန်းတွေကို အစိုးရက ထိန်းချုပ်တဲ့ စနစ်မျိုးကို ပြန်သွားချင်ကြတယ်။

တဘက်မှာ သူ့ရဲ့ယှဉ်ပြိုင်ဘက်ကရော သူ့ကို ဘယ်လိုပြန်တုံ့ပြန်ခဲ့ပါသလဲဆိုတဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My opponent and the right-wing radicals would turn this country back to the way it was a hundred years ago when business made big profits and working men only got paid a dollar a day.

ကျနော့်ယှဉ်ပြိုင်ဘက်နဲ့လက်ျာအစွန်းရောက်တွေကတော့ ဒီနိုင်ငံကို လွန်ခဲ့တဲ့ နှစ်တရာ အခြေအနေမျိုးကို ပြန်ဆွဲသွားလိုကြတယ်။ အဲဒီတုန်းက စီးပွားရေးလုပ်ငန်းတွေက အမြတ်တွေအတော်ရခဲ့ကြပြီး၊ အလုပ်သမားတွေကတော့ တနေ့ကို တဒေါ်လာရတဲ့ခေတ်ပေါ့။

Liberal နှင့် Conservative – Left-wing လက်ဝဲဝါဒီ နှင့် Right-wing လက်ျာဝါဒီ ဆိုတဲ့ အသုံးတွေကိုအခြေခံပြီးတင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG