သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lost စကားလုံး အီဒီယံအသုံးအနှုန်းများ


Lost စကားလုံး အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:04:43 0:00
တိုက်ရိုက် လင့်ခ်
Lost စကားလုံး အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:04:43 0:00
တိုက်ရိုက် လင့်ခ်



ဒီတပတ် English American Style Idioms ကဏ္ဍ မှာ ဆုံးရှုံးတယ်၊ ပျောက်ဆုံးတယ် လို့အဓိပ္ပါယ်ရတဲ့ Lost ကို အခြေခံတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ No love lost, Get lost နဲ့ Lost cause တို့ကိုတင်ပြပေးထားပါတယ်။

(၁) No love lost

No Love (ချစ်ခြင်းမေတ္တာမရှိတာ) lost (ဆုံးရှုံးတာ၊ ပျောက်ဆုံးတာ) လို့အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပျက်စရာ၊ ဆုံးရှုံးစရာ မေတ္တာမရှိတဲ့သဘော ဖြစ်ပါတယ်။ နှစ်ဖက်ကြား ပျက်စရာ၊ ဆုံးရှုံးစရာ မေတ္တာမရှိဘူးဆိုတဲ့ သဘောဆိုတော့ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းတယ်လို့ ဆိုရမှာပါ။ နဂိုရ်ကတည်းက မေတ္တာမရှိကြဘူးဆိုတော့ ထပ်ပျက်စရာ မေတ္တာလည်း မရှိတဲ့သဘောမျိုးမို့ No love lost အသုံးက တဖက်နဲ့တဖက် မတည့်တဲ့သဘော၊ ကြည့်လို့မရတဲ့သဘော၊ မေတ္တာမရှိတဲ့သဘော၊ ရန်သူတွေ ဖြစ်ကြတဲ့သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

There is no love lost between the two neighbors. They haven’t talked to each other for years!

အဲဒီ အိမ်နီးနားချင်း ၂ ဦး ကမတည့်ကြဘူး။ တဦးနဲ့တဦး စကားမပြောတာ နှစ်ပေါင်းများစွာ ရှိနေပြီ။

(၂) Get lost

Get (တခုခုကိုလုပ်ဖို့ ခိုင်းတာ)၊ lost (နေရာမှာမရှိအောင် လုပ်တာ၊ ပျောက်ဆုံးအောင်လုပ်တာ) လို့လုံးကောက်အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပျောက်အောင်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ဒီနေရာကနေထွက်သွား၊ ဒါမှမဟုတ် လာမနှောင့်ယှက်နဲ့ဆိုပြီး လူတဦးဦးကို နေရာက နှင်ထုတ်လိုက်တာဖြစ်ပါတယ်။ တနည်း Get out ဒါမှမဟုတ် Go away နဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးဟာ ဘန်းစကားဆန်တဲ့အတွက် ကိုယ့်သက်တူရွယ်တူအချင်းချင်း ပြောဖို့ပဲ သင့်တော်တယ်လို့ သတိပေးပါရစေ။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’m studying so get lost! Don’t disturb me.

ကျနော် စာကျက်နေတာမို့ဒီနေရာ ကနေထွက်သွားစမ်းပါ။ ကျနော်ကိုလာမနှောင့်ယှက်နဲ့။

(၃) Lost cause

Lost က ဆုံးရှုံးသွားတယ်လို့အဓိပ္ပါယ်ရပြီး ၊ ဒီနေရာမှာ (Adjective) နာမဝိသေသနအဖြစ် အသုံးပြုထားတာ ဖြစ်ပါတယ်။ နာမဝိသေသနဖြစ်တဲ့ Lost ဟာ Cause ဆိုတဲ့ (Noun) နာမ်ကိုအထူးပြုတာြဖြစ်ပါတယ်။ Cause က ဒီနေရာမှာ အကျိုးအကြောင်းဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကဆုံးရှုံးတဲ့အကျိုးအကြောင်း ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ဘာမှအကျိုးမရှိနိုင်တဲ့ ရုန်းကန်ကြိုးပမ်းမှု ဖြစ်ပါတယ်။ အချည်းနှီးဖြစ်တာ၊ သဲထဲရေသွန်ဖြစ်တာ၊ လေကုန်တာဘဲအဖတ်တင်တာ၊ အနစ်နာခံ စွန့်လွှတ်ရကျိုးမနပ်တဲ့ လုပ်ဆောင်မှုမျိုးကိုဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Getting my brother to quit smoking is a lost cause. He will never give up that habit!

ကျနော့်ညီကို ဆေးလိပ်ဖြတ်ဖို့ ပြောရတာ အလကား လေကုန်ပါတယ်။ ဒီဆေးလိပ်သောက်တဲ့အကျင့်ကို သူဘယ်တော့မှ စွန့်မှာ မဟုတ်ဘူး။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက No love lost, Get lost နဲ့ Lost cause တို့ဖြစ်ပါတယ်။

XS
SM
MD
LG