သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Year Resolutions အီဒီယံ အသုံးအနှုန်းများ


New Year Resolutions အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:04:28 0:00
တိုက်ရိုက် လင့်ခ်

ဒီသတင်းတပတ် English American Idioms and Expressions ကဏ္ဍမှာ အခုလိုကာလမျိုးမှာ လူအများစုက New Year Resolutions ဆိုတဲ့နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြစ်စေရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချလေ့ရှိသလို၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညဉ့်သန်းခေါင်ကျော်ထိစောင့်ပြီး နှစ်သစ်ကို ကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲပါတီပွဲတွေကိုလည်း ဆင်နွှဲကြလေ့ရှိတဲ့အတိုင်း၊ နှစ်သစ်ကို ကြိုဆိုတဲ့ ပါတီပွဲတွေနဲ့ လိုက်ဖက်တဲ့ ဒီယံအသုံးအနှုန်းများဖြစ်တဲ့ Big time, In the nick of time နဲ့ The time of your life တို့ကို တင်ပြထားပါတယ်။

(၁) Big Time

Big (ကြီးမားတာ)၊ time (အချိန်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပါ္ပယ်ကတော့ ကြီးမားတဲ့အချိန် ဖြစ်ပါတယ်။ အီဒီယံမှာတော့ အဓိပါ္ပယ်(၂) မျိုး ရှိပါတယ်။ အပျော်ကြီးပျော်တဲ့အချိန် ဖြစ်သလို၊ ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်ကြီးတွေလို့လည်း ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံးနှင့်ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I really had a big time at the New Year party I went to last year! The food was great and I got to meet some big time people like senators and other important people!

ပြီးခဲ့တဲ့ နှစ်က နှစ်သစ်ကူးပါတီ သွားတုန်းက အပျော်ကြီးပျော်ခဲ့တယ်။ အစားအသောက်ကလည်း ကောင်းပေ့၊ ဒါအပြင် အထက်လွှတ်တော်အမတ်တွေ နဲ့ တခြားအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနှင့်လည်း တွေ့ဆုံခွင့်ရခဲ့တယ်။

(၂) In the Nick of Time

In (အထဲမှာ)၊ the nick (ကပ်တာ) of (ရဲ့) ၊ time (အချိန်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပါ္ပယ်ကတော့ အချိန်ကပ်ပြီးမီလိုက်တာ ဖြစ်ပါတယ်။ ဒီစကားစုရဲ့ အီဒီယံအဓိပ္ပါယ်က အချိန်မီ လက်မတင်ကလေး ဖြစ်ပါတယ်။ ပါတီပွဲ လွတ်သွားတော့မလို့ လက်မတင်ကလေး မီလိုက်တဲ့ ဒီအသုံးနှင့်ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

We had a flat tire on our way to Henry's party but we still got there in the nick of time, five minutes to twelve! Just in time to raise a glass and say hello to the New Year!

Henry ရဲ့ ပါတီပွဲအသွား၊ လမ်းမှာကားဘီးပေါက်သွားခဲ့တယ်။ ဒါပေမဲ့ တော်သေးပါရဲ့ ။ (၁၂) နာရီထိုးဖို့ (၅) မိနစ်အလို နှစ်သစ်ကို အရက်ခွက်မြောက်ပြီး ကြိုဆိုဖို့ အချိန်မီ လက်မတင်ကလေး ရောက်သွားခဲ့တယ်။

(၃) The Time of your Life

The time (အချိန်) ၊ of (ရဲ့) ၊ your (သင့်ရဲ့)၊ life (ဘဝ) ဆိုတော့စကားစုတခုလုံးရဲ့ လုံးကောက်အဓိပါ္ပယ်က သင့်ရဲ့ဘဝမှာအချိန်တချိန်ဖြစ်ပါတယ်။ အီဒီယံအဓိပါ္ပယ်ကတော့ဘဝမှာ ကြုံတောင့်ကြုံခဲ အပျော်ကြီးပျော်ရတဲ့အချိန် ဖြစ်ပါတယ်။ ဒီအသုံးနှင့်ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It was New Year’s Eve in 1985 , but I still remember it like it was yesterday. I went to this party and had the time of my life and met the beautiful girl I’ve been married to for thirty years!

၁၉၈၅ နှစ်သစ်ကူးမတိုင်ခင် တရက်အလိုပေါ့။ မနေ့တနေ့က ဖြစ်တဲ့အဖြစ်အတိုင်းလိုပါပဲ မှတ်မိပါသေးတယ်၊ ကျနော်ပါတီတခုကို သွားခဲ့တယ်။ တသက်တာမှာ အပျော်ဆုံး အချိန်ကို ဆင်နွှဲခဲ့တယ်။ အဲဒီပါတီမှာ မိန်းမချောလေးတယောက်နှင့် တွေ့ဆုံခဲ့ပြီး သူနဲ့ ကျနော် လက်ထပ်ခဲ့တာ နှစ်ပေါင်း (၃၀) တောင်ရှိခဲ့ပြီ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Time ကို အခြေခံတဲ့ idiom အသုံးတွေက Big time, In the nick of time နဲ့ The time of your life တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG