သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဧရာဝဏ် နတ်ကွန်းဗုံးခွဲမှု သံသယရှိသူ မြန်မာတဦး မဲဆောက်မှာ အဖမ်းခံရ


ထိုင်း ဘန်ကောက်မှာ ဧရာဝဏ် နတ်ကွန်းဗုံးခွဲမှု ဖြစ်ပွားစဉ်။ (စက်တင်ဘာ ၉၊ ၂၀၁၅)
ထိုင်း ဘန်ကောက်မှာ ဧရာဝဏ် နတ်ကွန်းဗုံးခွဲမှု ဖြစ်ပွားစဉ်။ (စက်တင်ဘာ ၉၊ ၂၀၁၅)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧရာဝဏ် နတ်ကွန်း ဗုံးကွဲမှုနဲ့ ပါတ်သက်တဲ့ သံသယရှိသူတဦး အပါအဝင် မြန်မာနိုင်ငံသား (၃)ဦး ကို ထိုင်းစစ်တပ် အပါအဝင် ထိုင်းအာဏာပိုင်တွေက မဲဆောက်မြို့ မှာအောက်တိုဘာလ၆ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ဘန်ကောက်ကနေဆင်းလာတဲ့ ထိုင်းစစ်တပ်က အထူးတပ်ဖွဲ့တွေနဲ့ အတူ ထိုင်းအာဏာပိုင်တွေက နေရာ ၆ခုလောက်ကို ပိုက်စိတ်တိုက် ရှာဖွေပြီးတဲ့နောက် မဲဆောက်မြို့က တိုက်ခန်းတခုမှာ ထိုင်းစစ်တပ်တွေဝိုင်းပြီး မြန်မာနိုင်ငံသား ၃ဦးကို ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူထဲကတဦးဟာ နိုင်ငံကူးလက်မှတ်နဲ့နေထိုင်နေတာဖြစ်ပြီး သူကိုဖမ်းဆီးခဲ့ပြီးတဲ့ နောက် ဘန်ကောက်မြို့ကို ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ထိုင်းသတင်းထောက်တဦးကပြောပြပါတယ်။

"သူ့အိမ်မှာ ရှိတဲ့ လက်မှတ်မရှိတဲ့သူ နှစ်ယောက်လား။ နှစ်ယောက်ပါတယ်။ သူလည်း ပတ်စပို့ရှိတယ်။ ဒီအမှုပဲ တရားမဝင်နေတဲ့သူကို အိမ်မှာ ထားတယ်ပေါ့။ နောက် အမှုနဲ့ ဆွဲတယ်။ နောက် ကွန်ပြူတာ ယူသွားတယ်။ စာရွက်စာတမ်း ယူသွားတယ်။ သူ့နာမည်က ကျော်သီဟ။ ကျော်သီဟ လက်မှတ်မရှိတဲ့သူကိုလည်း ဒီနေ့ မနက်ဖြန် ပြန်ပို့မယ်။ သူ့ကို ပြန်ပို့ရင် လည်း မြန်မာပြည် မှာ ပြန်ပို့မယ်။ ကျော်သီဟကို ဘန်ကောက်ကို ပြန်ပို့မယ်။ ဖုန်းနံပတ်နဲ့ ပတ်စပို့လုပ်ပေးတဲ့သူတွေ ပါလာတယ်။ "

သူတိုကို တရားမဝင်နေထိုင်တဲ့အမှုတွေ စတင် အမူဖွင့်ထားပြီး နောက် မှာတော့ နိုင်ငံကူးလက်မှတ်တွေ လုပ်ပေးမှုတွေနဲ့ အမူဖွင့်ထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ ဖမ်းဆီးခံရတဲ့မြန်မာ၃ဦးထဲမှာ အမျိုးသားတဦးက၂၀၁၅ခုနှစ်တုန်းက ဘန်ကောက်မြို့က ဧရာဝဏ် နတ်ကွန်းဗုံးပေါက်မှုမှာ ပါဝင်ပတ်သက်မူတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

၂၀၁၅ခုနှစ်တုန်းကဧရာဝဏ်နတ်ကွန်းမှာ ပေါက်ကွဲမူဖြစ်တုန်းကတော့ လူ၂၀သေဆုံးခဲ့ပြီး လူ၁၂၅ယောက် ထိခိုက်ဒဏ်ရာတွေရခဲ့တာပါ။ အခုမြန်မာ၃ဦး ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေဘက်ကတော့ ဖမ်းဆီးထားတဲ့ သံသယရှိသူမြန်မာအမျိုးသားတဦးကို စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ မဲဆောက်မြို့မှာ ဖမ်းဆီးခံရသူထဲက အမျိုးသမီး၂ဦးကတော့ အသက် ၃၂အရွယ် -စူမစ်၊ အသက် ၂၃ နှစ်အရွယ် ရဟီဘီ၊ အသက် ၄၃ နှစ် အရွယ် ကျော်သီဟ တို့ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လိုမရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG