သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Esther Htusan ပူလစ်ဇာဆု လက်ခံယူ


Esther Htusan " The George Polk Award" ဆု လက်ခံစဉ် (ဧပြီ ၂၀၁၆) (FB-Esther Htusan)
Esther Htusan " The George Polk Award" ဆု လက်ခံစဉ် (ဧပြီ ၂၀၁၆) (FB-Esther Htusan)

အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေက ပင်လယ်စာလုပ်ငန်းတွေမှာ ကျေးကျွန်တွေလို ခိုင်းစေခံရတဲ့ မြန်မာအလုပ်သမား အများစုပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံတချို့က ငါးဖမ်းလုပ်သားတွေရဲ့ အခြေအနေတွေကို စုံစမ်း ဖော်ထုတ်ရေးသား ခဲ့တဲ့ အေပီ သတင်းဌာနက ကချင်တိုင်းရင်းသူ Esther Htusan အပါအဝင် သတင်းသမား ၄ ဦးကို ကြာသပတေးနေ့ ညနေ မှာ ၂၀၁၆ ခုနှစ်အတွက် Pulitzer ဆုကို ချီးမြှင့် ပါတယ်။

သူတို့ဟာ နိုင်ငံတကာက သတင်းပညာ ထူးချွန်သူတွေကိုပေးတဲ့ Pulitzer ဆုတွေထဲက အများပြည်သူ အကျိုးဆောင်တဲ့ ကဏ္ဍအတွက် ရရှိတာဖြစ်ပြီး ဆုကို New York မြို့ ကိုလံဘီယာတက္ကသိုလ်ရဲ့ ပူလစ်ဇာခန်းမမှာ ချီးမြှင့်တာဖြစ်ပါတယ်။

အေပီသတင်းထောက်တွေဖြစ်ကြတဲ့ Margie Mason, Robin McDowell, Martha Mendoza နဲ့ Esther Htusan တို့ဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အဓိက တင်ပို့တဲ့ အရှေ့တောင်အာရှရဲ့ ပင်လယ်စာလုပ်ငန်းတွေမှာ မြန်မာအများစုပါဝင်တဲ့ ငါးဖမ်းအလုပ်သမားတွေ ဖမ်းဆီး နှိပ်စက် ကျွန်ပြုခံရတဲ့အကြောင်းတွေကို လနဲ့ချီ စုံစမ်းထုတ်ဖော် ရေးသားခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ရေးသားထုတ်ဖော်မှုကြောင့် အင်ဒိုနီးရှားနဲ့ ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ မတရားကျွန်ပြုခံရတဲ့ အလုပ်သမား ၂၀၀၀ လောက် ပြန်လည် လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အေပီသတင်းဌာနအနေနဲ့ (၅၂) ကြိမ်မြောက် ပူလစ်ဇာဆုရရှိတာဖြစ်ပေမယ့် မြန်မာနိုင်ငံသား သတင်းထောက်တဦး ပါဝင်ရေးသားတဲ့ သတင်းကြောင့် အခုလို Pulitzer ဆု ရရှိတာကတော့ ဒါ ပထမဆုံးအကြိမ်ပါ။ မြန်မာနိုင်ငံမှာ Investigative Journalism လို့ခေါ်တဲ့ စုံစမ်းစစ်ဆေးဖေါ်ထုတ်တဲ့ သတင်းတွေပေါ်ထွက်နိုင်ဖို့အတွက် သတင်းလောကသားတွေကို အစိုးရက အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့လည်း ပူလစ်ဇာဆုရှင် Esther Htusan ကပြောပါတယ်။

နိုင်ငံတကာက သတင်းပညာ ထူးချွန်သူတွေကိုပေးတဲ့ Pulitzer ဆုကို သတင်းစာထုတ်ဝေသူ Joseph Pulitzer က ကြီးမှူးပြီး ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်က နှစ်စဉ်ပေးအပ်တဲ့ ဒီဆုဟာ အမေရိကန်ပြည်ထောင်စုမှာ သတင်းပညာဆိုင်ရာ ထိပ်တန်းဆုတခုလည်း ဖြစ်ပါတယ်။

Esther Htusan ပူလစ်ဇာဆု လက်ခံယူ
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG