သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပတိုးတက်မှုကို ဂျာမန်စီးပွားရေး မောင်းနှင်


အီးယူငွေ
အီးယူငွေ

ဂျာမနီနိုင်ငံရဲ့ စီးပွားရေးဟာ ဒုတိယ လေးလပတ်အတွင်း နှစ်ပေါင်း ၂၀ မှာ အမြန်ဆုံးနှုန်းနဲ့ တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့်လဲ ယူရိုငွေကြေးသုံစွဲတဲ့ ဥရောပနိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ စီးပွားရေးကို ခြုံကြည့်ရင် ခန့်မှန်းထားတာထက် ပိုကောင်းလာတာ တွေ့ရပါတယ်။ ဒီနေ့ သောကြာနေ့မှာ ထွက်ပေါ်လာခဲ့တဲ့ ကိန်းဂဏန်းတွေအရ ဧပြီလကနေ ဇွန်လအထိ ဂျာမနီ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုးက ဒီနှစ်ဆန်း ၃ လထက်ကို ၂ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

ဂျာမနီဟာ ဥရောပမှာ စီးပွားရေး အတောင့်တင်းဆုံး နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာတဝန်း ဝယ်လိုအားတွေ ပြန်ကောင်းလာတာကြောင့် ဂျာမနီရဲ့ ပို့ကုန်အားတွေ တက်လာခဲ့ပြီး စီးပွားရေးလည်း တိုးတက်လာခဲ့တယ်လို့ ဂျာမနီတာဝန်ရှိသူတွေက ပြောပါတယ်။ ယူရိုငွေသုံးကြတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးကို ခြုံပြီးကြည့်ရင်လဲ ပထမ ၄ လ ပတ်မှာ ၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ဒါဟာ ၄ နှစ်အတွင်းမှာ အမြန်ဆန်ဆုံး စီးပွားရေး တိုးတက်မှုဖြစ်ပါတယ်။

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာလည်း ဒုတိယ လေးလပတ်အတွင်း စီးပွားရေး တိုးတက်လာခဲ့ပေမဲ့ ဂရိနိုင်ငံရဲ့ စီးပွားရေးကတော့ ၁.၅ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပါတယ်။

XS
SM
MD
LG