သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ် အမျိုးသားဘောလုံးပွဲ ဘရားဇီးလ် ဗိုလ်စွဲ


၂၀၁၆ Rio နွေရာသီအိုလံပစ်မှာ ဗိုလ်စွဲသွားတဲ့ ဘရာဇီး ဘောလုံးအသင်း
၂၀၁၆ Rio နွေရာသီအိုလံပစ်မှာ ဗိုလ်စွဲသွားတဲ့ ဘရာဇီး ဘောလုံးအသင်း

ဘရာဇီးလ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၆ Rio အိုလံပစ် အားကစားပြိုင်ပွဲမှာ စနေနေ့ က နောက်ဆုံး ဘောလုံးဗိုလ်ပွဲအတွက် ဘရာဇီးလ်အသင်း နဲ့ ဂျာမနီအသင်းတို့ အကြိတ်အနယ် ကစားခဲ့ကြရာမှာ ဘရာဇီးလ်က အနိုင်ရသွားပါပြီ။ အချိန်ပိုပြီးတဲ့ အထိ တစ်ဂိုးစီ သရေ ဖြစ်နေခဲ့တာမို့ ပယ်နယ်လ်တီကန်တဲ့အခါမှာ ဘရာဇီးလ်က ၅ဂိုး- ၄ဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။ ပယ်နယ်လ်တီ နောက်ဆုံးဂိုးကို ဘရာဇီးလ် အသင်း ကပ္ပတိန် နေမာ-က သွင်းယူခဲ့တာဖြစ်ပါတယ်။

၂၀၁၆ Rio ပြိုင်ပွဲရဲ့ ၁၅ရက်မြောက်နေ့ဖြစ်တဲ့ စနေနေ့ ပြိုင်ပွဲတွေမှာ အမေရိကန် က ရွှေ ၄၀၊ ငွေ ၃၆၊ ကြေး ၃၅ နဲ့ ပထမနေရာမှာ ရှိနေပြီး ဗြိတိန်နိုင်ငံက ရွှေ ၂၆၊ ငွေ ၂၂၊ ကြေး ၁၅ နဲ့ ဒုတိယ။ တရုတ်က ရွှေ ၂၄၊ ငွေ ၁၈၊ ကြေး ၂၆ နဲ့ တတိယ နေရာတွေမှာ ရှိပါတယ်။ အမျိုးသမီး ဘတ်စကက်ဘောမှာ အမေရိကန်က စပိန်ကို အနိုင်ရပြီး အိုလံပစ်ပြိုင်ပွဲမှာ ၆ နှစ်ဆက်တိုက် ရွှေတံဆိပ်ပိုင်ရှင် ဖြစ်သွား ပါပြီ။

စနေနေ့ အစောပိုင်းက ကျင်းပတဲ့ အမျိုးသမီး ပြေးခုန်ပစ် ကစားနည်း ၃ မျိုးပြိုင်ပွဲမှာ အမေရိကန်က Gwen Jorgensen က ရွှေတံဆိပ် ဆွတ်ခူး ခဲ့တာမို့ ဒါဟာ အမေရိကန် အနေနဲ့ ဒီပြိုင်ပွဲမျိုးမှာ ပထမဆုံး အိုလံပစ် ရွှေရတာဖြစ်ပါတယ်။ သူဟာ တနာရီ ၅၆ မိနစ် ၁၆ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး ဒုတိယ ရသူထက် စက္ကန့် ၄၀ စော ပန်းဝင် ခဲ့တာပါ။

တနင်္ဂနွေနေ့ ကျင်းပမယ့် ကွင်းပိတ်ပွဲ အခန်းအနားမှာ အမေရိကန် အလံကို သယ်ဆောင် ဖို့အတွက် ရွှေ ၄ ခုနဲ့ ကြေးတခု ဆွတ်ခူးခဲ့တဲ့ အမေရိကန် ဂျွမ်းဘားမယ် Simone Biles ကို ရွေးချယ်လိုက်ကြောင်း အမေရိကန် အိုလံပစ်ကော် မတီက စနေနေ့မှာ ကြေညာခဲ့ပါတယ်။ အမျိုးသား ကြက်တောင်ရိုက် ပြိုင်ပွဲမှာ တရုတ်က Chen Long က မလေးရှားက Lee Chong Wei ကို အနိုင်ယူပြီး ရွှေ ရသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG