သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရောဂါမျိုးစုံတိုက်ဖျက်ရေး Mark Zuckerberg ဒေါ်လာ ၃ ဘီလီယံလှူမည်


လက်ရှိ ရာစုနှစ်အကုန်မှာ ရောဂါတွေ အကုန်လုံးကို တိုက်ဖျက်ဖို့ နည်းလမ်းတွေ ရှာဖွေမယ့် သုတေသနတွေ လုပ်ဆောင်ဖို့ လာမယ့် ၁၀ နှစ်အတွင်းမှာ ဒေါ်လာ ၃ ဘီလီယံလောက် လှူဒါန်းမယ်လို့ Facebook တည်ထောင်သူ Mark Zuckerberg နဲ့ သူ့ဇနီးဖြစ်သူ Priscilla Chan တို့က ကြေညာလိုက်ပါတယ်။

အဲဒီထဲက ဒေါ်လာ သန်း ၆၀၀ ဟာ San Francisco ကယ်လ်လီဖိုးနီးယား တက္ကသိုလ်မှာ အသစ်တည်ဆောက်မယ့် သုတေသန အဆောက်အဦး အသစ်အတွက် ရည်စူးထားပြီး Berkeley ကယ်လီဖိုးနီးယားတက္ကသိုလ်နဲ့ Standford တက္ကသိုလ်တို့နဲ့အတူ သုတေသနတွေ ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း နိုဘဲလ်ဆုရ သိပ္ပံပညာရှင်တွေ၊ ဘွဲ့လွန်ကျောင်းသားတွေနဲ့ တိုင်ပင် ဆွေးနွေးခဲ့ပြီးတော့ အခုလို ဆုံးဖြတ်ဖြစ်ခဲ့တာလို့ Priscilla Chan က ပြောပါတယ်။ အနာဂတ်မှာ ကလေးတွေ မဖျားမနာဘဲ နေကြမှာ မဟုတ်ပေမဲ့ ဖျားနာတာမျိုး နည်းနည်းပါးပါးလောက်ပဲ ရှိစေဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသုတေသနဌာနကို အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Cori Bargmann က ဦးဆောင်မှာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံက အခုလို ပေးလှူမယ့်အကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာပါ။ သူတို့ ၂ ဦးဟာ သူတို့ရဲ့ ပိုင်ဆိုင်ကြွယ်ဝတဲ့ ဥစ္စာပစ္စည်းတွေထဲက ၉၉ % ကို ပေးလှူမယ်လို့ သန္ဓိဌာန် ချထားကြတာပါ။

Facebook ကို ၂၀၀၄ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ကစလို့ တဖြေးဖြေး ကြီးထွားလာနေတဲ့ Facebook ကုမ္ပဏီဟာ ခုနောက်ဆုံး ၄ လပတ်မှာ အမြတ်ငွေ ၄ ဘီလီယံခွဲ ရနေပြီဖြစ်ပါတယ်။ တနေ့ကို လူပေါင်း သန်းတထောင်ကျော် Facebook သုံးနေကြတာဖြစ်ပြီး အဲဒီထဲက ၈၀ % ဟာ အမေရိကန်နဲ့ ကနေဒါ ပြင်ပမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG