သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မစေခိုင်းမှု အရပ်ဘက်မှာ လျော့ပါးနိုင်


မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးအတွက် စစ်အစိုးရရဲ့ ဆောင်ရွက်မှုတွေမှာ တဖြည်းဖြည်း တိုးတက်မှု ရှိလာပြီလို့ ကုလသမဂ္ဂ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အဓမ္မ လုပ်အားပေး ခိုင်းစေသူတွေကို အရေးယူမယ့် ဥပဒေတွေကို စစ်အစိုးရက ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအတိုင်း ဆောင်ရွက်ဖို့ လိုအပ်တာတွေကို ဒေသခံ အာဏာပိုင်တွေ သိအောင် တိုးတိုးတိတ်တိတ် ပညာပေးမှုတွေကိုလည်း စတင်နေပါပြီလို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် စတိဗ် မာရှဲလ် (Steve Marshall) က ပြောပါတယ်။

အရပ်ဘက်ဆိုင်ရာ အစိုးရဌာနတွေမှာ ရေရှည် တိုးတက်မှုတွေရှိတဲ့ လက္ခဏာတွေ မြင်တွေ့နေရပေမဲ့ စစ်ဘက်မှာ အခြေအနေတွေ တိုးတက်မှု တစုံတရာရှိတဲ့ သက်သေ မတွေ့ရဘူးလို့ ပြောပါတယ်။

လမ်းဖောက်၊ တံတားဆောက်တာကစလို့ စစ်တပ်အတွက် ပေါ်တာဆွဲတဲ့ နေရာတွေအထိ စစ်အစိုးရဟာ ပြည်သူတွေကို အတင်းအကျပ် လုပ်အားပေး ခိုင်းစေနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုပေးမယ့် အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းနိုင်ခွင့်ပြုတဲ့ ဥပဒေသစ် ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်မှုတွေလည်း ရှိနေပြီလို့ ILO ဌာနေကိုယ်စားလှယ် စတိဗ် မာရှဲလ်က ပြောပါတယ်။

XS
SM
MD
LG