သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး ခိုင်မာအောင် G-20 ဆောင်ရွက်နေ


သမ္မတ အိုဘားမား ဂျွန်လ ၁၁ ရက်၊ ၂၀၁၀။ (ဗီအိုအေ)
သမ္မတ အိုဘားမား ဂျွန်လ ၁၁ ရက်၊ ၂၀၁၀။ (ဗီအိုအေ)

G-8 ထိပ်သီး ၈ နိုင်ငံ ဆွေးနွေးပွဲမှာ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပေမယ့် ဘတ်ဂျက်လိုငွေပြမှုတွေကို လျော့ကျသွားအောင် စီးပွားရေးတိုးတက်မှု ရေရှည်ခံအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို အဓိကထား ဆွေးနွေးသွားကြမှာပါ။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံကြီးတွေ ကနေဒါနိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြတဲ့အခါ ကမ္ဘာ့စီးပွားရေး
တိုးတက်ခိုင်မာရေးကို ထိပ်တန်းရောက်ဖို့ သူ ပြောဆိုဆွေးနွေးမယ်လို့ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက ပြောပါတယ်။

နိုင်ငံတွေရဲ့ စီးပွားရေးကို တခုချင်းစီ ခွဲထားလို့မရဘူးဆိုတာကို လတ်တလောဖြစ်ခဲ့တဲ့ ဘဏ္ဍာရေးပြဿနာတွေက
သက်သေပြနေပြီး ကမ္ဘာ့စီးပွားရေးပြဿနာ ပြန်လည်နာလန်ထူလာအောင် လိုအပ်တဲ့စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို
နိုင်ငံတွေပူးပေါင်းအားထုတ်ဆောင်ရွက်ကြရမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ကနေဒါမှာလုပ်မယ့် G-8 နဲ့ G-20
ထိပ်သီးစည်းဝေးပွဲတွေတက်ဖို့ ကနေဒါနိုင်ငံကို မသွားခင်လေးမှာပဲ သမ္မတက အိမ်ဖြူတော်မှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေနဲ့ စီးပွားရေးထွန်းသစ်လာနေတဲ့ ကမ္ဘာ့နိုင်ငံတွေကြား ပြုလုပ်ကြမယ့်
G-20 ထိပ်သီးစည်းဝေးပွဲ တက်ဖို့အတွက်လည်း ကမ္ဘာ့ခေါင်းဆောင်တွေ ကနေဒါနိုင်ငံဆီကို ရောက်လာနေကြပါပြီ။

G-8 ထိပ်သီး ၈ နိုင်ငံ ဆွေးနွေးပွဲမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမယ့်ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပေမယ့်
ဘတ်ဂျက် (ဘဏ္ဍာရေး) လိုငွေပြမှုတွေကို လျော့ကျသွားအောင် အစိုးရတွေက လုပ်နေကြတဲ့တချိန်တည်းမှာ
စီးပွားရေးတိုးတက်မှု ရေရှည်ခံအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို အဓိကထား ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG