သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် မသင်္ကာသူ ၃ ဦး ဂျာမန်ရဲဖမ်းဆီး


ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ထောက်လှမ်းရေး သတင်းရထားတဲ့ အသက် ၂၂ နှစ်အရွယ် Jaber Albakr ဆိုသူကို ဂျာမန်ရဲတပ်ဖွဲ့က စနေနေ့မှာ လိုက်လံ ရှာဖွေနေပါတယ်။

ဂျာမနီနိုင်ငံအရှေ့ပိုင်း Chemnitz မြို့မှာ Albakr ကို လိုက်လံရှာဖွေစဉ် တိုက်ခန်းတခုအတွင်း ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိခဲ့တဲ့အတွက် လူ ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ Tom Bernhardt က ပြောပါတယ်။ ဖမ်းဆီးထားတဲ့ ၃ ယောက်ထဲက ၂ ယောက်ကိုတော့ Chemnitz မြို့ ရထားဘူတာရုံအနီးမှာ ထိန်းသိမ်းထားပြီး ကျန် ၁ ယောက်ကိုတော့ Chemnitz မြို့လယ်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

မသင်္ကာရသူ Albakr ကို ရှာဖွေ တွေ့ရှိနိုင်ရေးအတွက် ဖမ်းဆီးထားတဲ့ ၃ ဦးစလုံးကို ရဲတပ်ဖွဲ့က စစ်ဆေး မေးမြန်းနေပါတယ်။ Albakr ဟာ အန္တရာယ်ရှိသူတဦးအဖြစ် ယူဆကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ Bernhardt က ပြောပါတယ်။

Albakr ဟာ ဆီးရီးယားနိုင်ငံကလာသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဂျာမနီနိုင်ငံထဲမှာ ဘယ်လောက်ကြာကြာ ရောက်နေပြီးဖြစ်တယ်ဆိုတာနဲ့ သူဟာ မနှစ်က ဂျာမနီနိုင်ငံမှာ နေထိုင်ခွင့် လျှောက်ထားကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၁ သန်းထဲမှာ ပါလာသူ ဟုတ် မဟုတ် ဆိုတာကိုလည်း ရဲတပ်ဖွဲ့ ပြောခွင့်ရ Bernhardt က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

သူ့ကိုတွေ့ရင် ချက်ခြင်း ဖုန်းဆက် အကြောင်းကြားဖို့အတွက် လူထုကို ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG