သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်ကြအုံးမလား ရွှေအိမ်သာ


နယူးရောက်မြို့က Guggenheim အနုပညာပြတိုက်မှာ ရွှေရည် ၁၈ ကာရက်နဲ့ လုပ်ထားတဲ့ ရွှေအိမ်သာ
နယူးရောက်မြို့က Guggenheim အနုပညာပြတိုက်မှာ ရွှေရည် ၁၈ ကာရက်နဲ့ လုပ်ထားတဲ့ ရွှေအိမ်သာ

ရွှေသားအတိနဲ့ လုပ်ထားတဲ့ အိမ်သာကို သုံးချင်သူတွေအတွက် အခု အခွင့်အလန်းတခု ရပြီဖြစ်ပါတယ်။

နယူးရောက်မြို့က နာမည်ကျော် Guggenheim အနုပညာပြတိုက်မှာ ရွှေရည် ၁၈ ကာရက်နဲ့ လုပ်ထားတဲ့ ရွှေအိမ်သာအိုး တလုံး ထားပေး ထားပြီဖြစ်ပါတယ်။ “America” လို့ နာမည်ပေးထားတဲ့ ဒီရွှေအိမ်သာအိုးကို အမျိုးသား အမျိုးသမီး အားလုံးသုံးနိုင်တဲ့ အိမ်သာထဲမှာ ထားပေး ထားမှာပါ။

ပြတိုက်လာ ပရိတ်သတ်တွေကို အီတလီအနုပညာရှင် Maurizio Cattelan ရဲ့ လက်ရာဖြစ်တဲ့ ရွှေအိမ်သာ ထိုင်ခုံပေါ်မှာ ထိုင်ခွင့်ပေးထား တာ ဖြစ်ပါတယ်။

ဒီအိမ်သာအိုးကနေ လူသားတွေအားလုံး တကယ်တမ်း မဖြစ်မနေ လုပ်ဆောင်နေကြရတဲ့ အလုပ်ကို မမေ့ ကြဖို့ သတိပေးထားတဲ့ ရဲရင့်တဲ့ အနုပညာ တရပ်လို့ ပြတိုက်က ပြောပါတယ်။ ဒါ့အပြင် ဒီလိုပြသတာဟာ လူသား ၁ ရာခိုင်နှုန်းလောက် သုံးဖို့အတွက် လုပ်ထားပုံရတဲ့ ပစ္စည်းတမျိုးကို လူသားအားလုံး သုံးနိုင်အောင်လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ရှိသလို ဆင်းရဲချမ်းသာ ကွာဟမှုမရှိစေဖို့ လည်း ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။

ဒီရွှေအိမ်သာကြီးကို သောကြာနေ့ အများပြည်သူအတွက် ဖွင့်လှစ်မပေးခင် သုံးခွင့်ရခဲ့တဲ့ New York Times သတင်းထောက်ကတော့ ကြည့်လိုက်ရင် မျက်စိကြိမ်းလောက်အောင် သိပ်တောက်ပ နေတဲ့ ဒီအိမ်သာကို တကယ်တမ်း အသုံးတဲ့အောင် လုပ်ပေးတာ ဟာ သိပ်ကောင်းတယ်လို့ ပြောပါတယ်။

ဒီခမ်းနားတဲ့ အိမ်သာကို တပ်ဆင်တဲ့နေရာမှာ ကျန့်ကြာနေတာမို့ ဖွင့်လှစ်ဖို့ နှောင့်နှေးခဲ့ရတယ်လို့လည်း သတင်းစာက ဖေါ်ပြပါတယ်။ ဒါကို လှူဒါန်းတဲ့ ပုဂ္ဂလိက အလှုရှင်တွေက ဘယ်လောက် တန်ကြေးရှိတယ် ဆိုတာကို ထုတ်မပြောကြပါဘူး။ ဒီရွှေအိမ်သာဟာ Guggenheim ပြတိုက်ရဲ့ ၅ ထပ်မှာ ရှိပါတယ်။

တက်ကြအုံးမလား ရွှေအိမ်သာ
please wait

No media source currently available

0:00 0:00:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG