သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းတောင် အရေး အစိုးရထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပယ်ဖျက်


နိုင်ငံတော်သမ္မတရုံး
နိုင်ငံတော်သမ္မတရုံး
နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှု ကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တာနဲ့ ပါတ်သက်လို့ မြန်မာအစိုးရက ဒီနေ့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမှတ် ၁၁/၂၀၁၂ ကို နာရီပိုင်းအတွင်းမှာဘဲ ပယ်ဖျက်လိုက်ပါတယ်။ မကြာသေးခင်ကဘဲ သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီထုတ်ပြန်ကြေညာချက်ကို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို အတည်ပြုပြောဆိုလိုက်တာပါ။

အဲဒီကြေညာချက်မှာ အရင်အစိုးရလက်ထက်ကစလို့ စီးပွားရေးတွက်ခြေကိုက်မှုအပါအဝင် အလုပ်အကိုင်နဲ့ နည်းပညာရမှု၊သဘာ၀၀န်းကျင် ထိမ်းသိမ်းမှုတွေကို စနစ်တကျ တွက်ချက်လုပ်ကိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ ဥပဒေနဲ့ အညီဆောင်ရွက်ခဲ့ပြီး နောက်ဆုံးသတ်မှတ်ချိန်ကျော်သွားတဲ့အချိန်မှာ လူစုမခွဲခဲ့လို့ အဓိကရုဏ်း နှိမ်နင်းရေးနည်းတွေ အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ကြေညာပါတယ်။

အဓိကရုဏ်း နှိမ်နင်းနည်းတွေအနက် နိုင်ငံတကာသုံး မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးနဲ့ မီးခိုးဗုံးတွေကို သုံးခဲ့တယ်လို့လဲ သမ္မတရုံး ပြောခွင့်ရသူက VOA ကို အတည်ပြု ပြောဆိုပါတယ်။ ဒီနှိမ်နင်းမှုဟာ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံ အကျိုးစီးပွားနဲ့ ပြည်သူအကျိုးစီးပွားတွေကို ဥပဒေနဲ့ အညီကာကွယ်ဖို့ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အညီ လုပ်တာဖြစ်တယ်လို့လဲ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG