သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုအထူးအခွင့်အရေး ပြန်ပေးမည်


လက်ရှိ မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနစီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာဒီနေ့မှာတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စု ဝန်ကြီးနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကို ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး GSP ပေးဖို့ အတွက် ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဦးသန်းမြင့်က ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေလည်းဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းကပြောပြပေးပါမယ်။

လက်ရှိနေပြည်တော်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး ဌာနစီးပွားရေး ဆိုင်ရာနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာဒီနေ့မှာတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးသန်းမြင့် နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကိုကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး GSP ချပေးဖို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ ဦးသန်းမြင့်က VOA ကိုအခုလိုပြော ပါတယ်။

“GSP ကိုသူက ပေးချင်တယ်ပေါ့လေ။ ပေးဖို့အတွက် ဘယ်လို ဒီဘက်အပြန်အလှန် ဘယ်လိုလုပ်မလဲဆိုတာ သူတို့ဘက်ကမေးခွန်းလေးတွေမေးမယ်ပေါ့ဗျာ။ ဒီဘက်ကတော့ လိုတာဖြေပြီးတော့ ကျနော်တို့ဘက်ကလည်း ဘာလုပ်ချင်တယ်၊ သူတို့ကလည်း ဘာလုပ်ချင်တယ်ဆိုတာ သူတို့ကလည်း ပေးဖို့အတွက်ကို လိုအပ်တဲ့ဟာတွေကို အခြေခံအချက်လေးတွေရှင်းလင်းဖို့ အဲဒါပါပဲ။ အန်ကယ်တို့ကတော့ ဟုတ်ပြီ ၂ ဘက်အကျိုးရှိမယ်ဆိုရင်တော့ ၂ ဘက်ဆိုတာ mutual benefit ပေါ့ Gross community ပေါ့ အရင်တုန်းကနဲ့ လက်ရှိ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်တာရှိတယ်။ ဒီလိုဆက်လုပ်ဖို့ အတွက် ပြောလိုက်တာပေါ့လေ။ တက်နိုင်သမျှ ညှိနှိုင်းမယ်ပေါ့။”

ဒီနေ့ နေ့လည် ၁ နာရီမှာနေပြည်တော် Hilton ဟိုတယ်မှာတွေ့ဆုံခဲ့တာပါ။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rvikinနဲ့ရော သူနဲ့အတူပါလာတဲ့ အမေရိကန်စီးပွားရေး ကုမ္ပဏီကြီးတွေကတာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံခဲ့တယ်လို့ ဦးသန်းမြင့်က ပြောပါတယ်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဦးသန်းမြင့်က ဆက်ပြောပါတယ်။

“အန်ကယ်ဘက်ကတော့ Trade promotion ကောင်းအောင်ပေါ့လေ တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ အန်ကယ်တို့ကလည်း သူတို့ လုပ်ငန်းရှင်တွေဘက်က လာရောက် ရင်နှီးမြုပ်နှံနိုင်မယ့် အလားအလာတွေ ပြောပြ တယ်။ ဒီအလားအလာတွေ ရဖို့အတွက် သူတို့အနေနဲ့ ဘယ်လို အမေရိကန်ဘက်က ကူညီသင့်တယ် ဆိုတာ နည်းပညာတွေ ပေါ့ကွာ။ အဲဒါမျိုးလေးတွေ ဆွေးနွေးကြတာပေါ့ ။ သူတို့ဘက်ကလည်း လုပ်ငန်းရှင်များ ကလည်း သူတို့ဘာကို လုပ်ပေးနိုင်တယ်ဆိုတာ ပါတာပေါ့။ Rivkin နဲ့တွေ့တော့ လည်း အဲဒါတွေပါပဲ။”

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးဆိုင်ရာလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Charles Rivkin ဟာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာနတို့က တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံခဲ့တာပါ။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkinဟာ မြန်မာနိုင်ငံတွင်း အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေကိုအားပေးမြင့်တင်ဖို့အတွက် အမေရိကန် စီးပွားရေး လုပ်ငန်းကြီးတွေက တာဝန်ရှိသူတွေကို ဦးဆောင်ပြီး American Innovation Roadshow to Myanmar ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံကိုလေးရက်ကြာ ခရီးရောက်ရှိနေတာပါ။

ဒီကနေ့ နေပြည်တော်မှာတော့ စီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ မနက်ဖြန်ကျရင်တော့ ရန်ကုန်ပြန်ပြီးအဲဒီမှာရှိတဲ့ အမေရိကန်ရင်းနှီးမြုပ်နှံမှုနဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းအခြေအနေတွေ ကိုသုံးသပ် လေ့လာမှာဖြစ်ပါတယ်။ လက်ရှိအားဖြင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုအချိ့ ထားရှိပေမယ့်၊ အများစုသောဒဏ်ခတ်မှုတွေကိုဆိုင်းငံတာရုပ်သိမ်းတာတွေ လုပ်ထားပါတယ်။ ရှိထားတဲ့ အမေရိကန်ရဲ့ ပစ်မှတ်ထားအရေးယူမှု ဟာလည်း မြန်မာ့စီးပွားရေးကို ထိခိုက်စေဖို့မဟုတ်ပဲ၊ မြန်မာနို်င်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေကို အဟန့်အတားဖြစ်သူတွေကိုသာပစ်မှတ်ထားအရေးယူတာဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေဘက်က ပြောလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG