သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီဝမ်းရောဂါဖြစ်ပွါးမှု ဇစ်မြစ် ကုလတာဝန်ရှိကြောင်း ဝန်ခံ


ဟေတီဝမ်းရောဂါ
ဟေတီဝမ်းရောဂါ

ဟေတီ နိုင်ငံမှာ လူကိုသေစေနိုင်တဲ့ ကာလဝမ်းရောဂါ စတင် ပျံ့နှံ့ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစလို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေက ဒီရောဂါ ပျံ့နှံ့ဖြစ်ပွားအောင်လုပ်ရာမှာ ပါဝင်ခဲ့တယ်ဆိုတာကို ကုလသမဂ္ဂက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုလိုက်ပါတယ်။ ကာရေဘီယံ ကျွန်းနိုင်ငံ ဟေတီမှာ ဒီရောဂါကြောင့်လူ၁ သောင်းနီးပါးသေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ ရောဂါကူးစက်ခံခဲ့ရတာပါ။ ဟေတီမှာ ဒီရောဂါ ကပ်ဘေး ပျံ့နှံ့ဖြစ်ပွားမှုကိုဟန့်တားနိုင်အောင် ကုလသမဂ္ဂအနေနဲ့ အခုထက်ပိုပြီး လုပ်ဆောင်သင့်ခဲ့ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ ပြောခွင့်ရတဦးက ပြောဆိုပါတယ်။ ဖြစ်နိုင်ချေ လာမယ့် နှစ်လ-သုံးလအတွင်း ဒီရောဂါဆိုး တိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ နည်းလမ်းသစ်တွေနဲ့ ကိုင်တွယ်လုပ်ဆောင်သွားမယ့်အကြောင်းလည်း သူက ကတိပေး ပြောသွားပါတယ်။ ဒီရောဂါ ပျံ့နှံ့အောင်လုပ်မှုနဲ့ ကုလသမဂ္ဂကို တရားစွဲဖို့ ဟေတီ နိုင်ငံသားတွေက ကြိုးစားနေပေမဲ့ ကုလသမဂ္ဂ ကတော့ သူတို့ဟာသံတမန်ကင်းလွှတ်ခွင့်နဲ့အကြုံးဝင်တဲ့သူတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ၂၀၁၀ ခုနှစ်မတိုင်ခင်အထိ ဟေတီနိုင်ငံဟာ ကာလဝမ်းရောဂါ ကင်းလွတ်တဲ့နိုင်ငံတခုပါ။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ဟေတီမှာ ပြင်းထန်တဲ့ငလျင် လှုတ်ခဲ့ပြီး လူပေါင်း ၂ သိန်းလောက် သေဆုံးခဲ့ရပြီးတဲ့နောက်ပိုင်း ဒီရောဂါ ပျံ့နှံ့ဖြစ်ပွားလာခဲ့တာပါ။ Mirebalais မြို့က နီပေါငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွေ နေထိုင်တဲ့နေရာအနီး Artibonite မြစ်ပေါ်ကအဆောက်အအုံတခုမှာဒီရောဂါစတင်ဖြစ်ပွားခဲ့တယ်ဆိုတာကို တွေ့ခဲ့ရတာပါ။ နီပေါနိုင်ငံမှာ ကာလဝမ်းရောဂါ ပျံ့နှံ့ဖြစ်ပွားနေချိန်မှာ နီပေါ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွေ ဟေတီနိုင်ငံကို ရောက်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG