သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွေးရူးပြန်ရောဂါ ကာကွယ်ရေး


ခွေးရူးပြန်ရောဂါ ကာကွယ်ရေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ လမ်းဘေးခွေးလေခွေးလွင့်တွေ များလာနေပြီး၊ ရန်ကုန်ရှိ ခွေး ၅၀% မှာ ခွေးရူးးပြန်ရောဂါပိုး ရှိနေကြောင်း တွေ့ရှိထားတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ဒါကြောင့်မို့ ခွေးကိုက်ခံရရင် ကိုက်တဲ့ ခွေးရူးနေလား၊ မရူးဘူးလားဆိုတာကို စောင့်ကြည့်မနေဘဲ ချက်ချင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါဖြစ်လာပြီးမှဆိုရင် ကုသဖို့ ဆေးမရှိဘဲ အာရုံကြောတွေ ပျက်စီးပြီး သေဖို့ ရာခိုင်နှုန်း ၁၀၀ လောက် သေချာပါတယ်။ ဒီကာကွယ်ဆေးကိုလည်း ဆေးပတ်ပြည့်အောင် ရက်ပြည့်အောင် ထိုးဖို့ အရေးကြီးပါတယ်။ ရန်ကုန်မှာ ခရိုင်အလိုက် အခမဲ့ ဒီကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဒါ့အပြင် ခွေးကိုက်ခံရတဲ့အနာကို စင်ကြယ်အောင် ဆေးပြီး၊ ဖြစ်နိုင်ရင် မချုပ်ဘဲ၊ ပဋိဇီဝဆေးပေးကာ၊ HRIG ခေါ် ခွေးရူးပိုးတန်ပြန်တဲ့ ပရိုတိန်းဆေးနဲ့ မေးခိုင်ကာကွယ်ဆေးတွေပါ တွဲထိုးသင့်ပါတယ်။

အထူးသတိထားသင့်တဲ့ ရူးနေတဲ့ ခွေးရဲ့ လက္ခဏာတွေကတော့ ခွေးဟောင်သံပြောင်းသွားတာ၊ အစာမစားတော့တာ၊ ရေမသောက်တော့တာ၊ တစ်ကောင်ထဲ သီးသန့်နေတာ၊ သူ့အနာကို ပြန်ဝါးတတ်တာ၊ အဖျားတက်နိုင်တာတွေအပြင်၊ တချို့ခွေးတွေမှာ အမြဲမှိန်းနေပြီး လဲလျောင်းနေတတ်သလို၊ တချို့ခွေးတွေမှာတော့ မာန်ဖီပြီး တွေ့ရာလိုက်ဆွဲ၊ လိုက်ကိုက်တာ၊ မျက်လုံးတောက်ပြီး သူငယ်အိမ်ကျယ်လာတာ၊ မျက်နှာ မုန်ယိုလာတာ၊ အောက်မေးရိုးတွဲကျပြီး အစာမစားနိုင်တာ၊ ရေကြောက်တာ၊ ဒယီးဒယိုင်နဲ့ လဲကျတတ်တာ၊ သွားရည်ကျပြီး ပါးစက်က အမြုပ်တွေထွက်တာနဲ့ တဖြည်းဖြည်း လေဖြတ်သလိုဖြစ်လာပြီး ခဏခဏလဲကျကာ နောက်ဆုံး သေဆုံးရတာတွေပါ။ လူမှာလည်း အလားတူ အာရုံကြောဆိုင်ရာ ဒီလက္ခဏာတွေ ပြလာပြီ ဆိုရင်တော့ ဆေးကုလို့ မရတော့ပါဘူး။

အထူးသိသင့်သိထိုက်တဲ့ ခွေးရူးပြန်ရောဂါအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG