သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဦးနှောက်ရောင်ရောဂါ ပျံ့ပွားမှု


တိုက်ရိုက် လင့်ခ်


ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အခြားဒေသတွေမှာ ဂျပန်ဦးနှောင်ရောင်ရောဂါ ပျံ့ပွားခဲ့ပြီး သေဆုံးမှုတစ်ချို့ ရှိခဲ့တာကို ကာကွယ်ဖို့အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်(စ်) ပိုးဟာ ခြင်ကိုက်တာကဆင့် ကူးစက်ရတာပါ။ ငှက်နဲ့ ဝက်တွေက ဒီရောဂါပိုးကို သယ်ဆောင်ပေးပြီး၊ အဓိကအားဖြင့် ဝက်ကို ခြင်က ကိုက်ပြီး လူကို ထပ်အကိုက်မှာ ကူးဆက်တာ ဖြစ်ပါတယ်။

(၁) နှစ်ကနေ (၁၅) နှစ်အတွင်း အဖြစ်များတဲ့ ဒီရောဂါဖြစ်တာကို သိနိုင်မဲ့ လက္ခဏာတွေက စစချင်းမှာ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာနဲ့ မှိန်းနေတာတွေ ဖြစ်ပါတယ်။ နောက်ပိုင်း ဆိုးလာတဲ့ အဆင့်မှာ တက်တာ (အချိန်ကြာကြာတက်နိုင်) နဲ့ သတိလစ်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒိထက် ပိုဆိုးသွားရင်တော့ အာရုံကြောသေတာနဲ့ အသက်ရှုရပ်ဆိုင်းတာတွေဖြစ်ပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

ဒီရောဂါကူးစက်ခံရသူနဲ့ (၂၅--၃၀) ရာခိုင်နှုန်းဟာ အသက်ဆုံးရှုံးနိုင်တာမို့ အထက်ပါ လက္ခဏာတွေ စပြလာရင် ချက်ချင်း ဆေးရုံ၊ဆေးခန်းပြပြီး ကုသမှု ခံယူသင့်ပါတယ်။ ဗိုင်းရပ်(စ်) ပိုးကြောင့် ဖြစ်တာမို့ ပဋိဇီဝ ပိုးသတ်ဆေး နဲ့ မကုသနိုင်ဘဲ၊ ဖြစ်လာတဲ့ လက္ခဏာတွေ (တက်တာ၊ သတိလစ်တာအပါအဝင်) ကိုသာ သက်သာအောင် လုပ်ပေးကာ အသက်ဆုံးရှုံးနိုင်တဲ့ အနေအထားမရောက်အောင် အနီးကပ် ပြုစု၊ ကုသပေးရတာပါ။

ဒီရောဂါဖြစ်လာရင် အခုလို အသက်ဆုံးရုံးနိုင်တာအပြင်၊ အသက်ရှင်ကျန်ခဲ့သူတွေထဲမှာလဲ ထက်ဝက်ခန့်က အာရုံကြောဆိုင်ရာ ပြဿနာတွေ (အမြင်နဲ့အကြားအာရုံထိခိုက်တာ) နဲ့ တက်တတ်တဲ့ ရောဂါတွေ နောက်ဆက်တွဲ ခံစားနိုင်တာမို့၊ ဖြစ်မှ ကုသတာထက် ထိရောက်အောင် ကြိုတင်ကာကွယ်ဖို့ ပိုအရေးကြီးပါတယ်။

အခုလို ဒီရောဂါ ပျံ့ပွားမှု ရှိနေချိန်မှာ အချိန်မီ ကာကွယ်နိုင်ဖို့အတွက် ခြင်အကိုက်မခံရအောင် (ခြင်ဆေး၊ ခြင်ထောင် သုံးတာ အပါအဝင်) နဲ့ ခြင်နှိမ်းနင်းရေးလုပ်တာတွေ အဓိက လုပ်ပေးဖို့ အထူးအရေးကြီးပါတယ်။ ဒါ့အပြင် ဒီရောဂါ ပျံ့ပွားနေတဲ့ ဒေသတွေ အနီးတဝိုက်မှာ နိုင်ငံတော်က ထိုးပေးတဲ့ ကာကွယ်ဆေးကို (၉) လ နောက်ပိုင်း စထိုးနိုင်) မဖြစ်မနေ ထိုးထားသင့်ပါတယ်။ နိုင်ငံတော်က လက်ရှိမထိုးပေးနိုင်သေးတဲ့ ဒေသတွေမှာလဲ ပြင်ပဆေးခန်းတွေမှာ ဒီကာကွယ်ဆေး ထိုးပေးနိုင်ပါတယ်။

ဒီရောဂါအခြေအနေအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ ၊ပညာဌာန အငြိမ်းစား ဌာနမှူး ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG