သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေး နှင့် အစားအစာ


မြန်မာနိုင်ငံမှာ အစားအစာ မစားတတ်တာကြောင့် အာဟာရချို့တဲ့မှုတွေ၊ အဝလွန်တာတွေ၊ ဆီးချိုသွေးတိုး နဲ့ လေဖြတ်တာ၊ ကင်ဆာ စတဲ့ ရောဂါတွေ ဖြစ်နေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ကျန်းမာရေး နှင့် အစားအစာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


ဒီရောဂါတွေ မဖြစ်ရအောင် အစားအစာတွေမှာပါတဲ့ ကဆီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တွေကို တမျိုးထဲ အလွန်အကျွံ မဖြစ်ပေဘဲ အချိုးအစား မျှတအောင် စားသုံးသင့်ပါတယ်။ ဒါ့အပြင် အသက်အရွယ် ကြီးလာချိန်မှာ ကဆီဓာတ်နဲ့ အဆီကို လျှော့စားသင့်ပေမယ့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနံှတွေ ပိုစားသင့်ပါတယ်။

ကလေးနဲ့လူငယ်ဘဝ ကြီးထွားမှု လိုအပ်ချိန်မှာတော့ ကဆီဓာတ် ဖြစ်တဲ့ ထမင်းနဲ့ အဆီဓာတ် ဖြစ်တဲ့ဆီကိုပဲ အဓိကစားတဲ့ အယူအဆ မှားယွင်းမှု မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ ဒါ့အပြင် ကြီးထွားဖို့ လိုအပ်တဲ့ အသားဓာတ်ဖြစ်တဲ့ သား၊ငါး၊ ကြက်ဥ၊ ဘဲဥ တို့ဟာ သံထနိုင်ပါတယ်၊ နွားနို့က ဝမ်းသွားနိုင်တယ်ဆိုတဲ့ အယူအဆမှားတွေ ရှိနေတာကြောင့် ကလေးငယ်တွေမှာ အာဟာရချို့တဲ့မှု ကြီးကြီးမားမား ကြုံနေရပါတယ်။

ဒါ့အပြင် ကလေးရော လူကြီးမှာပါ အချိုနဲ့ အငံ (အချိုမှုန့် နဲ့ မုန့်ဖုတ်ဆော်ဒါ အပါအဝင်) အစားများတာ၊ ဓာတုပစ္စည်းတွေပါတဲ့ အစားအစာတွေ စားတာကိုလဲ ရှောင်ကျဉ်သင့်ပါတယ်။ ဓာတုပစ္စည်း မပါအောင် လတ်ဆတ်တဲ့ အစားအစာကို အဓိကစားပြီး၊ အမြန်အလွယ်တကူရအောင် အသင့်ပြင်ထားတဲ့ အားလူးကြော်ထုတ်ကဲ့သို့ အဆီအချို၊အငံ များတာတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဦးကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG