သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး ကလင်တန် အရှေ့ဥရောပနဲ့ ကော့ကေးရှပ်စ်ဒေသ ခရီးနှင်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ အရှေ့ဥရောပနဲ့ ကော့ကေးရှပ်စ်ဒေသ ၅ နိုင်ငံခရီး စတင်လိုက်ပါပြီ။

အမေရိကန်နဲ့ ရုရှားနိုင်ငံ ဆက်ဆံရေး တိုးတက်လာစေဖို့အတွက် ဒီမဟာမိတ် နိုင်ငံတွေကို ခုတုံးလုပ် အသုံးချတာ မဟုတ်ဘူး ဆိုတာကို စိတ်ချရအောင် မစ်စ် ကလင်တန်က ပြောဆိုမှာ ဖြစ်ပါတယ်။

ဝန်ကြီး ကလင်တန်ဟာ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ပထမဆုံး သွားရောက်မှာဖြစ်ပြီး ယူကရိန်း သမ္မတ ဗစ်တာ ယာနူကော့ဗစ်ရှ် (Viktor Yanukovich) နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ သမ္မတ ယာနိုကော့ဗစ်ရှ်ဟာ ရုရှားလိုလားတဲ့ မူဝါဒကို ပြန်လည် ကျင့်သုံးနေတဲ့အချိန်မှာ အမေရိကန်နဲ့ ရုရှားကတော့ သံတမန် ဆက်ဆံရေး တဖန် ပြန်လည် ဆန်းသစ်နိုင်ခဲ့ကြပါတယ်။

စနေနေ့ကျရင်တော့ ဝန်ကြီး ကလင်တန်ဟာ ပိုလန်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး ပိုလန် နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော ဆီကော်စကီး (Radoslaw Sikorski) နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ပိုလန်နိုင်ငံကနေ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီနှစ်နိုင်ငံအကြား နာဂေါ်နို-ကာရာဘတ် (Nagorno-Karabakh) ဒေသ ပိုင်နက်နယ်မြေနဲ့ ပတ်သက်ပြီး အငြင်းပွားနေဆဲ ဖြစ်ပါတယ်။

အဇာဘိုင်ဂျန်ကနေ ခွဲထွက်ဖို့ အာမေးနီးယား လူမျိုးစုနယ်မြေ ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေကို ဝန်ကြီး ကလင်တန်က တိုက်တွန်းဖို့ ရှိပါတယ်။

ဝန်ကြီး ကလင်တန်ရဲ့ ၅ နိုင်ငံ ခရီးစဉ်ကို ဂျော်ဂျီယာနိုင်ငံမှာ တနင်္လာနေ့ကျရင် အဆုံးသတ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG