သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV ရောဂါပိုးရှိသူ မိခင် ARV ဆေး ပုံမှန်စားသင့်


HIV/AIDS ရောဂါပိုး ကူးစက်ခံနေရသူ အမျိုးသမီးတွေကို ရောဂါထိန်းဆေး ARV အချိန်မီ ရယူဖို့နဲ့ ဒါဟာ ကိုယ်ဝန်ဆောင်နေစဉ် သန္ဓေသားကို ရောဂါပိုး ကူးစက်မှုကနေ ကာကွယ်နိုင်တဲ့အပြင် မီးဖွားတာနဲ့ နို့တိုက်ချိန်မှာပါ ကာကွယ်နိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်မှာ တိုက်တွန်းထားပါတယ်။

ဒီညွှန်ကြားချက်တွေကို သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ကျင်းပနေတဲ့ AIDS ရောဂါဆိုင်ရာ နိုင်ငံတကာ ညီလာခံမှာ WHO အဖွဲ့ဲကြီးက ချပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီးထု အနေနဲ့ HIV ရောဂါပိုး အကူးစက် ခံနေရရင် ဒါဟာ ကုသနိုင်ကြောင်းနဲ့ သူတို့ရဲ့ သားသမီးတွေကို အချိန်မီ ရောဂါပိုး ရှိမရှိ စောနိုင်သမျှ စောစော စစ်ဆေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ AIDS ရောဂါ ကာကွယ်ရေးဆိုင်ရာ အကြံပေး ကာရူကာ ကီရာကူကတော့ ဒီကလေးငယ်တွေကို မွေးစကနေ သီတင်း ၆ ပတ်အတွင်း စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။ ဒီလို စောစောစီးစီး မသိခဲ့ရင် ရောဂါပိုး ကူးစက်ခံရတဲ့ ကလေးသူငယ် အားလုံးရဲ့ ထက်ဝက်ဟာ အသက် ၂ နှစ်လောက်ပဲ ခံမယ်လို့ ပြောပါတယ်။

ဒီလို HIV ရောဂါပိုး ကူးစက်မှုဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ လုံး၀ မတွေ့ရဘူးလို့ ဆိုပါတယ်။

အရင်တုန်းက HIV ပိုးရှိတဲ့ မိခင်ကို ကလေးနို့တိုက်ခွင့် ပြုခဲ့ပေမဲ့ အခုထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက် အသစ်ထဲမှာတော့ မိခင်ရဲ့ နို့ရည်ကတဆင့် ရောဂါပိုး ကူးစက်နိုင်ကြောင်း တွေ့တာမို့ တားမြစ်ထားပါတယ်။ ဒါပေမဲ့ HIV ပိုးအတွက် ဆေးပုံမှန် သောက်နေတဲ့ မိခင်အတွက်တော့ နို့တိုက်တာကြောင့် ပိုးမကူးနိုင်ဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG