သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယလေကြောင်းသပိတ် အရေးယူဖို့ ဝန်ကြီးတဦးက တိုက်တွန်း


ဆယ်စုနှစ်တခုကျော်အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့ပြီးတဲ့ နောက်တနေ့မှာ အလုပ်မလုပ်ဘဲ ဆန္ဒပြနေကြတဲ့ ဝန်ထမ်းတွေကို အရေးယူဖို့ အဲယားအိန္ဒိယကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတယောက်က တိုက်တွန်း လိုက်ပါတယ်။

ဆယ်စုနှစ်တခုကျော်အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့ပြီးတဲ့ နောက်တနေ့မှာ အလုပ်မလုပ်ဘဲ ဆန္ဒပြနေကြတဲ့
ဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ အဲယားအိန္ဒိယကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတယောက်က တိုက်တွန်း လိုက်ပါတယ်။

ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဝန်ကြီး ပရာဖူးလ် ပက်တယ်လ်က ဒီ ဆန္ဒပြမှုဟာ တာဝန်မဲ့လုပ်ရပ်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြစ်တင် ပြောဆိုလိုက်တာပါ။

ဒီ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အဲယားအင်ဒီယန်လေကြောင်းလိုင်းရဲ့ စီမံဆောင်ရွက်ချက်တွေကို အစိုးရက ပံ့ပိုးကူညီသွားမယ်လို့လည်း ကတိပေး ပြောကြားသွားပါတယ်။

လေကြောင်းကုမ္ပဏီ ၂ ခုက အလုပ်သမားပေါင်း ၁ သောင်းခွဲ လောက်ဟာ အင်္ဂါနေ့က စပြီး ကုမ္ပဏီကနေပြီး ဝန်ထမ်းတွေကို စနေနေ့က မဲန်ဂလိုမှာလေယာဉ်ပျက်ကျခဲ့ပြီး ခရီးသည်ပေါင်း ၁၅၈ ယောက် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး သတင်းဌာနတွေနဲ့ စကားမပြောမိဖို့ တားမြစ်ချက် ထွက်လာပြီးတဲ့နောက်မှာ အခုလို ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ရတာပါ။

ကုမ္ပဏီအရာရှိတွေက ဝန်ထမ်းတွေဟာ လစာငွေနဲ့ ပတ်သက်လို့လည်း မကျေနပ်မှုတွေ ရှိနေတဲ့အကြောင်း ပြောပါတယ်။

XS
SM
MD
LG