သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bhopal မြို့ အဆိပ်ဓာတ်ငွေ့သင့်မှု ထောင်ဒဏ်ချမှတ်


အိန္ဒိယနိုင်ငံ ဘိုလ်ပါး (Bhopal) မြို့မှာ ၁၉၈၄ ခုနှစ်တုန်းက အဆိပ်သင့်ဓာတ်ငွေ့တွေ ယိုစိမ့်ထွက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ နမော်နမဲ့ လုပ်ဆောင်ခဲ့မှုနဲ့ ကုမ္ပဏီ အမှုဆောင်အရာရှိ ၇ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးလိုက်ပါတယ်။

ဘိုလ်ပါးမြို့က ယူနီယံကာဘိုက်စက်ရုံက အဆိပ်သင့် ဓာတ်ငွေ့တွေ ထွက်ရာက လူပေါင်းထောင်ချီ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ စက်မှုလုပ်ငန်းတွေမှာ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ မတော်တဆမှု တခုပါ။ ဒီဖြစ်ရပ်မှာ သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေ၊ အသက်မသေ ကျန်ရစ်သူတွေကတော့ ဒီစီရင်ချက်ဟာ နည်းလွန်းပြီး နောက်ကျလွန်းလှတယ်လို့ ပြောကြပါတယ်။

ဆယ်စုနှစ် ၂ ခုကျော် ကြာအောင် တရားတဘောင် ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ဒီကနေ့မှာမှ စီရင်ချက် ထွက်ပေါ်လာတာပါ။ ၈ ယောက်မြောက်အဖြစ် အပြစ်ရှိကြောင်း စီရင်ခံခဲ့ရသူ စက်ရုံအရာရှိ တဦးကတော့ သက်ရှိထင်ရှား မရှိတော့ပါဘူး။

နမော်နမဲ့ ဆောင်ရွက်မှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ဟာတော့ ထောင်ဒဏ် ၂ နှစ် ဖြစ်ပါတယ်။ ပြစ်ဒဏ်စီရင်ခံခဲ့ရသူ အလုပ်အမှုဆောင် ၇ ဦး ကို ဒဏ်ငွေ ဒေါ်လာ ၂,၀၀၀ စီပေးဖို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ပြစ်ဒဏ်စီရင်ပြီးတဲ့နောက် သူတို့တတွေကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီး စီရင်ချက်အပေါ် အယူခံ ဝင်သွားလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

မတော်တဆမှုနဲ့ ပတ်သက်လို့ ယူနီယံကာဘိုက် ကုမ္ပဏီက အိန္ဒိယအစိုးရကို နစ်နာကြေးအဖြစ် ၁၉၈၉ ခုနှစ်က ဒေါ်လာသန်း ၄၇၀ ပေးအပ်ပြီး ကျေအေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG