သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရခေါင်းဆောင် အိန္ဒိယခရီးစဉ်အတွင်း နိုင်ငံတကာရဲ့စိုးရိမ်မှု အမှာစကားတွေပါးစေလို


မြန်မာစစ်အစိုးရခေါင်းဆောင် အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးသွားတဲ့အခါမှာ အိန္ဒိယနိုင်ငံ အနေနဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြတ်သားတဲ့ သတင်းစကား ပါးလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက မျှော်လင့်တဲ့အကြောင်း သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်နေတယ် ဆိုတာကို တခြားနိုင်ငံတွေနဲ့အတူ အိန္ဒိယနိုင်ငံကလဲ ပြတ်သားတဲ့သတင်းစကား ပါးမယ်လို့ သူ ယူဆတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုလေ က ပြောဆိုလိုက်ပါတယ်။

ဒေသတွင်း နျူကလီးယား လက်နက် မပျံ့ပွားအောင် ကာကွယ်ဖို့နဲ့ စစ်အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တခြား တိုင်းရင်းသားလူမျိုးစုတွေနဲ့အတူ သဘောတူညီချက် ရရှိအောင် ဆွေးနွေးမှုတွေလုပ်ဖို့ကိုလဲ သူတို့က တိုက်တွန်းလိုက်တဲ့အကြောင်း အိန္ဒိယနိုင်ငံ အနေနဲ့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ဆက်ဆံရေး ပြေပြစ်ဖို့ တာဝန်ကိုယ်စီ ရှိတယ်လို့ ပီဂျေ ခရိုလေ က ပြောကြားပါတယ်။

အကြမ်းမဖက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့တဲ့ မဟတ္တမဂန္ဒီရဲ့ နိုင်ငံကနေ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေကို ကော်ဇောနီ ခင်းပြီး ကြိုဆိုမယ့်အဖြစ်ကတော့ လူ့အခွင့်အရေး အုပ်စုတွေအတွက် ဝေဖန်စရာ ဖြစ်နေပါတယ်။

မြန်မာပြည်ရဲ့ သဘာ၀ သယံဇာတတွေအနက်က ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို တရုတ်နဲ့ အပြိုင်ရယူဖို့ ကြိုးစားနေတဲ့ အိန္ဒိယနိုင်ငံဟာ မဟာဗျူဟာကျကျ စစ်အစိုးရကို ချဉ်းကပ်နေတာလဲ ဖြစ်ပုံရတယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုကြပါတယ်။

XS
SM
MD
LG