သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-ရုရှား စီးပွားရေး၊ စစ်ရေး ပိုမိုပူးပေါင်းမည်


BRICS အဖွဲ့ဝင် ၅ နိုင်ငံ၏ အလံများ။
BRICS အဖွဲ့ဝင် ၅ နိုင်ငံ၏ အလံများ။

အိန္ဒိယနိုင်ငံ၊ Goa မြို့မှာ ကျင်းပနေတဲ့ BRICS - လို့ခေါ်တဲ့ စီးပွားရေး ဖွံ့ဖြိုးဆဲ ၅ နိုင်ငံဖြစ်တဲ့ ဘရားဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတို့ရဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့က စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုမို ပူးပေါင်း ဆောင်ရွက်နေကြတဲ့ တချိန်ထဲမှာပဲ နယ်စပ်ဖြတ်ကျော် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်တဲ့ အကြောင်းကိုလည်း အိန္ဒိယအစိုးရက ဖိအားပေး ပြောဆိုနေပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ ရုရှားနဲ့ တရုတ်ခေါင်းဆောင်တွေနဲ့ စနေနေ့က သီးခြား တွေ့ဆုံခဲ့ပါတယ်။

ဆွေးနွေးမှုတွေကနေ အင်မတန် အကျိုးဖြစ်ထွန်းစေတဲ့ ရလဒ်တွေ ထွက်လာ တာဟာ နှစ်နိုင်ငံအကြား မဟာဗြူဟာမြောက် ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းကို ပြသလိုက်တာဖြစ်ကြောင်း ဒေါ်လာ သန်းပေါင်း ထောင်ပေါင်းများစွာ တန်ဖိုးရှိတဲ့ ကာကွယ်ရေးနဲ့ လောင်စာ စွမ်းအင်ဆိုင်ရာ သဘောတူညီချက်တွေကို ရုရှားနဲ့ လက်မှတ်ထိုးအပြီး ဝန်ကြီးချုပ် မိုဒီးက ပြောပါတယ်။

ဝန်ကြီးချုပ် မိုဒီးအနေနဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ ဆွေးနွေး တာဟာ နှစ်နိုင်ငံအကြားက ဆက်ဆံရေးကို အသစ် ပြန်လည် စတင်နိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနဲငယ်အတွင်း အိန္ဒိယဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးမြင့် ဆောင်ရွက်လာနေသလို ရုရှားကလည်း တရုတ်၊ ပါကစ္စတန်တို့နဲ့ ပိုမို နီးနီးကပ်ကပ် ဆက်ဆံ လာနေတာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ရုရှားနိုင်ငံအကြား ချုပ်ဆိုလိုက်တဲ့ စာချုပ်ပေါင်း ၁၆ ခုထဲမှာ ရဟတ်ယာဉ် အစီး ၂၀၀ ပူးတွဲ ထုတ်လုပ်ရေးလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG