သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်တွေ ကျူးကျော်တယ်လို့ အိန္ဒိယဒေသခံတွေ စွပ်စွဲ


အိန္ဒိယ-မြန်မာနယ်စပ်
အိန္ဒိယ-မြန်မာနယ်စပ်

မြန်မာနဲ့ နယ်စပ် အိန္ဒိယ နိုင်ငံ မဏိပူ ပြည်နယ်ထဲက ကျေးရွာတခုကို မြန်မာ့ တပ်မတော်က ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး အိန္ဒိယ အစိုးရက အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာ စစ်တပ်က ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က မဏိပူ ပြည်နယ် Tengnoupal က Holenphai ရွာထဲကို ဝင်ရောက်ခဲ့ပြီး လွှစက် တခုကို မီးရှိုှုပြီး စက်ပစ္စည်းတွေ အားလုံးကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုကြတာကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားပါတယ်။မြန်မာ စစ်တပ်တွေ ဝင်ရောက်ခဲ့တယ်လို့ ပြောဆိုပြီး လုံခြုံရေး တပ်ဖွဲ့တွေ ချထားပေးဖို့ Lhangcham နဲ့ Holenphai ရွာတွေက ဒေသခံတွေ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဆန္ဒပြခဲ့ကြပါတယ်။ နယ်စပ်ဒေသမှာ နေထိုင်သူတွေ အနှောင့်အယှက် ကင်းကင်းနဲ့ လုံခြုံ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် အိန္ဒိယ အာဏာပိုင်တွေဘက်က ဆောင်ရွက်ပေးဖို့ Holenphai ရွာရဲ့ အကြီးအကဲ Haokip ကတောင်းဆိုပါတယ်။

"ကျနော်တို့က အိန္ဒိယ နိုင်ငံတွင်း ငြိမ်းချမ်းစွာ နေလိုပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ လုံခြုံမှု မရှိပါဘူး။ ကျနော်တို့ မြန်မာ စစ်တပ်ကို ကြောက်နေ ရပါတယ်" လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

လယ်ကွင်းတွေ၊ ရေကန်ကြီးတွေနဲ့ စိမ်းလန်းတဲ့ တောတောင်တွေကြောင့် အိန္ဒိယရဲ့ ရတနာလို့ တင်စားခေါ်ကြတဲ့ မဏိပူ ပြည်နယ်ကတော့ ဆယ်စုနှစ်တွေနဲ့ချီပြီး တိုက်ပွဲလေးတွေ ဖြစ်နေတာပါ။ သူပုန်တွေက မြန်မာဘက်ကို အကာအကွယ်ပြု နေထိုင်နေကြသလို မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ နယ်စပ်ကို ဖြတ်ပြီး ဝင်ရောက်ရာ အဖြစ်လည်း အာဏာပိုင်တို့က စွပ်စွဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG