သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှား အရှေ့ပိုင်း ပြင်းထန်တဲ့ ငလျင် ရိုက်ခတ်

  • ဗွီအိုအေ (မြန်မာဌာန)

အင်ဒိုနီးရှား အရှေ့ပိုင်း ပြင်းထန်တဲ့ ငလျင် ရိုက်ခတ်

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ အင်အားပြင်း မြေငလျင်တခု လှုပ်ခါသွားတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာနက ပြောပါတယ်။

တာနိတ် (Ternate) ကျွန်းရဲ့ အနောက်မြောက်ဘက် မိုင် ၈၀ ကျော်လောက်အကွာ မိုလူကာ (Molucca) ပင်လယ်ထဲကို ဗဟိုပြုပြီး ပြင်းအား ၆.၃ ရှိတဲ့ ငလျင် လှုပ်ခတ်သွားတာလို့ ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၉ နာရီ ၈ မိနစ်မှာ လှုပ်သွားတဲ့ ငလျင်က ဆူနာမီ ဖြစ်နိုင်ခြေ သိပ်မရှိဘူးလို့ အင်ဒိုနီးရှားက Vivanews.com က ပြောပါတယ်။

ပျက်စီးထိခိုက်မှု သတင်းတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီလောက် ပြင်းအား ပမာဏနဲ့ ငလျင်မျိုးက မိုင် ၁၀၀ ပတ်လည် အတွင်းက လူနေအိမ်ခြေတွေကို ပျက်ဆီး ထိခိုက်နိုင်ပါတယ်။

ငလျင်ကြောပေါ်မှာ ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံဟာ မကြာခဏ ငလျင်ဒဏ် ခံရပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း ရေအောက်ကြမ်းပြင်မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ဆူနာမီ ဒီရေလှိုင်းလုံးကြီးတွေ ဖြစ်ပေါ် ရိုက်ခတ်ခဲ့လို့ မြန်မာနိုင်ငံ အပါအဝင် လူပေါင်း ၂၃၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲက ထက်ဝက်လောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ဖြစ်ပါတယ်။

XS
SM
MD
LG