သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမြို့တော် မူဆလင်မဲဆွယ်ပွဲ လူထောင်သောင်းချီ တက်ရောက်


ဂ ျကာတာမြို့က ဝတ်ပြုကျောင်းတခုမှာ စုဝေးနေကြသည့် မွတ်ဆလင်များ (11 Feb, 2017)
ဂ ျကာတာမြို့က ဝတ်ပြုကျောင်းတခုမှာ စုဝေးနေကြသည့် မွတ်ဆလင်များ (11 Feb, 2017)

အင်ဒိုနီးရှားနိုင်ငံမှာ ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် ဒေသန္တရရွေးကောက်ပွဲတွေမှာ မူဆလင် နိုင်ငံရေးသမားတွေကို ထောက်ခံမဲပေးဖို့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဟောပြော ချက်တွေကို နားထောင်ဖို့ စနေနေ့က မြို့တော်မှာ လူပေါင်းထောင်သောင်းချီ စုဝေးခဲ့ကြပါတယ်။ ဂျကာတာမြို့တော်က Istiqlal ဗလီမှာတော့ အနီးအနားလမ်းတွေပေါ်အထိ လူတွေပြည့်လျှံနေခဲ့တာပါ။

ဘာသာရေးဆရာတွေကတော့၊ ဘာသာရေးကို ပုတ်ခတ်စော်ကားမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ တရုတ်လူမျိုးခရစ်ယာန်ဘာသာဝင် ဂျကာတာမြို့ အုပ်ချုပ်ရေးမှူး Basuki Tjahaja Purnama ကို မူဆလင်မဲဆန္ဒရှင်တွေ မဲပေးဖယ်ရှားဖို့ လိုလားနေကြပါတယ်။

အတိုက်အခံတွေက အစ္စလာမ်ဘာသာ မကိုးကွယ်သူတွေကို လက်ခံအားပေးတဲ့ မူဆလင်တွေကို ကိုရမ်ကျမ်းစာ အကိုးအကားနဲ့ သတိပေးပြောဆိုခဲ့တဲ့ အပေါ် တုံ့ပြန်ခဲ့ ရာက ဂျကာတာမြို့တော် အုပ်ချုပ်ရေးမှူးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာပဲ နိုင်ငံရေး ပြဿနာတွေနဲ့ ကြုံခဲ့ရတာပါ။

ကျမ်းစာအကိုးအကားနဲ့ ဂျကာတာမြို့ခံတွေဟာ လိမ်ညာခံခဲ့ကြရပြီး၊ ငရဲရောက်မှာကြော က်လို့ သူ့ကို မဲမထည့်ဖူးဆိုရင်လည်း သူ့အနေနဲ့ စိတ်မပူတဲ့အကြောင်းနဲ့ ဒါဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် အခွင့်အရေးသာ ဖြစ်တယ်လို့လည်း မှတ်ချက်ပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးမှူး Basuki က သူ့အနေနဲ့ ဘယ်သူ့အပေါ်မှာ နစ်နာစေ လိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း ပြောဆိုတောင်းပန်ခဲ့ပေမဲ့လည်း၊ မူဆလင်အများစု ရှိရာမြို့မှာ ခရစ်ယာန် ဘာသာဝင်တယောက်က အုပ်ချုပ်နေတယ်ဆိုပြီး မကျေနပ်နေကြတဲ့ မူဆလင်တွေရဲ့ အမျက်ဒေါသကို ပြေပျောက်အောင်တော့ သိပ်မလုပ်နိုင်ခဲ့ပါဘူး။

နိုင်ငံရေးသမားတွေ အနေနဲ့ ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲ မတိုင်မီ၊ ဒီကနေ့ စနေနေ့ ဟာ နောက်ဆုံးမဲဆွယ် စည်းရုံးရမယ့် နေ့တနေ့လည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ မူဆလင်ဦးရေ အများဆုံးရှိရာ တိုင်းပြည်တခုဖြစ်ပြီး၊ ခရစ်ယာန်ကတော့ လူနည်းစု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG