သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား၊ ဆူမားတြားကျွန်းမှာ မီးတောင်ပေါက်ကွဲ


အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းက မီးတောင်တလုံးဟာ ရာစုနှစ်ပေါင်း များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ဒီကနေ့ ပေါက်ကွဲခဲ့တဲ့အတွက် ကျွန်းပေါ်က လူထောင်ပေါင်းများစွာကို တာဝန်ရှိသူတွေက ရွှေ့ပြောင်း ကယ်ထုတ်ပေးခဲ့ရပါတယ်။

မြောက်ပိုင်း ဆူမားတြားပြည်နယ်က ဆီနာဘန်းဂ်တောင်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက စပြီးတော့ ပေါက်ကွဲမယ့်ပုံ အသံတွေ ထွက်လာပြီး မနက်ဘက်က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု အသေးစားကတော့ ရပ်သလောက် ဖြစ်သွားပြီလို့ အင်ဒိုနီးရှား အစိုးရရဲ့ မီးတောင်ဆိုင်ရာ ကျွမ်းကျင်သူ ဆိုရိုးနိုးက ပြောပါတယ်။ အဲဒီမီးတောင် မပေါက်ကွဲတာ နှစ်ပေါင်း ၄၀၀ ကျော်သွားပြီလို့ ဆိုရိုးနိုးက ပြောပါတယ်။

မီးတောင်ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ လူ ၁၀,၀၀၀ ကျော်ကို ရွှေ့ပြောင်း ကယ်ထုတ်ပေးခဲ့ပါတယ်။

ဆီနာဘန်းဂ် မီးတောင်ရဲ့ နောက်ထပ် လှုပ်ရှားမှုတွေကို သူ့အဖွဲ့က ဆက်ပြီး စောင့်ကြည့်နေတယ်လို့ ဆိုရိုးနိုးက ပြောပါတယ်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာ ချိုင့်ဝှမ်းကို ပတ်ထားတဲ့ မီးတောင်တွေနဲ့ အက်ကွဲကြောင်းတွေ အတွဲလိုက် ရှိနေတဲ့ Ring of Fire လို့ အမည်ပေးထားတဲ့ ဒေသမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG