သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ဆက်ဆံရေးဖြတ်ဖို့ Duterte ထပ်မံပြောဆို


ဂျပန်ခရီးမစမီဖိလစ်ပိုင်သမ္မတ Duterte သတင်းစာရှင်းလင်းပွဲ၊ ၂၅ အောက်တိုဘာ၊ ၂၀၁၆။
ဂျပန်ခရီးမစမီဖိလစ်ပိုင်သမ္မတ Duterte သတင်းစာရှင်းလင်းပွဲ၊ ၂၅ အောက်တိုဘာ၊ ၂၀၁၆။

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ အမေရိကန်ပြည်ထောာင်စုကြား နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ မဟာမိတ် ဆက်ဆံရေးမှာ မရေရာမှုတွေ ဖြစ်လာစေနိုင်တဲ့ စကားတချို့ကို ဒီကနေ့ ထပ်ပြော လိုက်ပြန်ပါတယ်။ ဖိလစ်ပိုင်အနေနဲ့ အမေရိကန်အစိုးရ ကြိုးဆွဲ ခေါ်ရာလိုက်မယ့် ခွေးတကောင်လို ဆက်ဆံတာမျိုး ခံမှာမဟုတ်ဘူးလို့ - စကားကို မဆင်မခြင်ပြောလေ့ရှိတဲ့ မစ္စတာ ဒူတာတေးက ဂျပန်နိုင်ငံကို တရားဝင်ခရီး မထွက်ခွာခင် မနီလာမြို့မှာ သတင်းထောက်တွေကို ပြောသွားတာပါ။

သူ သမ္မတအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ ကာလမှာ- ဆယ်စုနှစ်တွေနဲ့ချီ ရှိလာခဲ့တဲ့ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေကို အမေရိကန်အနေနဲ့ မေ့ပစ်လိုက်နိုင်တယ် လို့လည်း ပြောပါတယ်။ သူ့တိုင်းပြည်ထဲမှာ ဖိလစ်ပိုင်စစ်သားတွေကလွဲရင် ဘယ် နိုင်ငံခြားသား စစ်တပ်၊ စစ်သားမှ မရှိတော့တဲ့အချိန်တခု ဖြစ်လာဖို့ သူ မျှော်လင့်တယ်လို့ မစ္စတာ ဒူတာတေးက သတင်းထောက်တွေကို ပြောပါတယ်။ မစ္စတာ ဒူတာတေးဟာ သူ သမ္မတ တာဝန်ယူ စယူခဲ့တဲ့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကစလို့ သူ့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြမ်းဖက်နှိမ်နင်းတဲ့ လှုပ်ရှားမှုတွေအတွင်း လူပေါင်း ၄,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ကိစ္စကို အမေရိကန်ပြည်ထောင်စုက ပြစ်တင်ဝေဖန်တဲ့အပေါ်မှာ အခုလို ဒေါသတကြီး ပြန်လည် ခြိမ်းခြောက် ပြောဆိုနေတာပါ။ ပြီးခဲ့တဲ့သီတင်းပတ် တရုတ်နိုင်ငံ ခရီးစဉ်တုန်းကလည်း အမေရိကန်နဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုသွားခဲ့ပြီး၊ နောက်ပိုင်းကျမှ တခါ သူ အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူးလို့ ပြန်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG