သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်မရပ်သေးတဲ့အဖွဲ့တွေ ၂၁-ရာစု ပင်လုံညီလာခံ တက်ဖို့ တပ်မတော် ဖိတ်ခေါ်မည်


 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ တွေ့ဆုံ(Min Aung Hlaing FB)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ တွေ့ဆုံ(Min Aung Hlaing FB)

အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ် မထိုးထားရသေးတဲ့ ဘယ်အဖွဲ့ကိုမဆို နိုင်ငံရေး မူဘောင်ရေးဆွဲရေး လုပ်ငန်းစဉ်ရေးဆွဲတာနဲ့ ၂၁-ရာစုပင်လုံ ညီလာခံမှာပါဝင်လာဖို့ ဖိတ်ခေါ်သွားမယ်လို့ တပ်မတော်က ပြောဆိုလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်တာဝန်ရှိသူတွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မေခက တင်ပြပေးမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၈ဖွဲ့ဖွဲ့ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ နဲ့ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်တို့ နေပြည်တော်မှာတွေ့ဆုံတာမှာ တပ်မတော်ဘက်က တိုင်းရင်းသားအဖွဲ့ တွေ ကို ခုလိုပြောဆိုလိုက်တာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အချိန် ၂နာရီကျော်ကြာတွေဆုံဆွေး နွေးခဲ့တဲ့ ဒီဆွေးနွေး မှု ရလဒ်နဲ့ပတ်သတ်ပြီး အဲဒီ တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ဗိုလ်မှုးကြီးခွန်ဥက္ကာက ခုလိုပြောပြပါတယ်။

“အားလုံးကောင်းမွန်းတဲ့ တွေ့ဆုံပွဲပဲခင်ဗျ။ အကျိုးတော်တော်ရှိပါတယ်။ ရလဒ်ကောင်းထွက်တယ်လို့ပြောနိုင်တာပေါ့။ လာမယ့် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အတွက် လက်မှတ်ထိုးပြီး ၈ ဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်မယ် တပ်မတော်လည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ကိစ္စမျိုး။ နောက်ပြီးတော့ တပ်မတော်နဲ့လက်မှတ်ထိုး ၈ ဖွဲ့ကတော့ အခုအဖွဲ့ ၂ ခုပေါ့ NCA အတိုင်းရပ်တည်ပြီးတော့ NCA ကိုအခိုင်အမာဆုတ်ကိုင်ပြီးတော့ အကောင်အထည်ဖော်သွားမယ်ဆိုတဲ့ ကတိပြုချက်ရတာပေါ့ဗျ။ အဲဒါကတော့ ဒီနေ့ပွဲရဲ့ အဓိကအချုက်ပါ။ တပ်မတော်ကလည်း အခုလက်ရှိအစိုးရ မူဝါဒ policy ကိုလည်းကြည့်မယ်။ Policy ကိုလည်းကြည့်မယ် နောက်ပြီးတော့ ဒီငြိမ်းချမ်းရေးကိစ္စမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်နေတာဆိုတော့ သူရဲ့ တာဝန်ယူဆောင်ရွက်နေတဲ့ Policy လည်းရှိမယ်။ နောက်ပြီးတော့ တပ်မတော်အနေနဲ့တော့ ပူးပေါင်းဝင်မယ်။ အားလုံးကိုဖိတ်ခေါ် ကြိုဆိုတယ်။ အဲလိုတော့ သဘောထားတွေ့ရတယ်။”

လက်ရှိချိန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ပတ်သတ် ပြီး ဒီကနေ့ကာကွယ် ရေး ဦးစီးချုပ်နဲ့တွေ့ဆုံတဲ့ တိုင်းရင်းသားအဖွဲ့တွေက နိုင်ငံရေးဆွေးနွေး မှုမှာ အားလုံးပါဝင်နိုင်ဖို့ လုပ်ဆောင်ပေးဖို့ တင်ပြ တောင်းဆိုတာတွေရှိခဲ့တယ်လို့ သွား ရောက်ဆွေးနွေးတာမှာပါဝင်ခဲ့တဲ့ ရခိုင်လွတ်မြောက် ရေးပါတီ (ALP) မှ ဦးခိုင်စိုးနိုင်အောင်က ကာကွယ်ရေးဦးစီးချုပ်က တင်ပြမှု အပေါ်ပြန်လည်ဖြေကြားခဲ့တဲ့ အချက်ကို ခုလိုပြောပြ လာ ပါတယ်။

“တပ်မတော် ကာကွယ်ရေးဝန်ကြီးချုပ်ပြောတာက NCA ကိုအခြေခံတယ်၊ NCA ကိုလက်မှတ်ထိုးဖို့လိုတယ်။ NCA ကိုလက်မှတ်ထိုးဖို့အတွက် မထိုးသေးတဲ့အဖွဲ့တွေကို အမြဲတမ်းလမ်းဖွင့်ထားတယ်။ အဲလိုပြောတယ်။ အခုလည်းဖိတ်မှာပဲ ၂၁ ရာစု ပင်လုံ ညီလာခံလည်းဖိတ်မယ်။ လာတာမလာတာသူတို့အပိုင်း။ ပါဝင်အောင်လုပ်တယ်ဆိုတာက အလုပ်ကို ယုံကြည်ဖို့လိုတယ်လို့သူကပြောတယ်။ ယုံကြည်ရင်ပါနိုင်တယ်။ အလုပ်လုပ်လို့ရှိရင် အဲဒီအလုပ်ကို ယုံကြည်ဖို့လိုတယ်၊ အဲဒီအလုပ်ကိုယုံကြည်ရင် ပါနိုင်တယ်လို့ပြောတယ်။”

တပ်မတော်ဘက်က လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ကို လာမယ့် ၂၁ရာစုပင်လုံညီလာခံတက်ဖို့ ဖိတ်မယ်လို့ဒီကနေ့ပြောဆိုလိုက်ပေမယ့် လက်နက်စွန့်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ပါဝင်ခွင့်ပြုမယ်လို့ လည်း ပြောဆိုထားတာရှိပါတယ်။ ဒီအပေါ်မှာ ဒီအဖွဲ့တွေက လက်မခံကြပါဘူး။ ဒီအတွက် ညှိုနှိုင်းမှုတွေလုပ်နေတာရှိပေ မယ့် ဒီအချက်ဟာ တိကျစွာအဖြေထွက်လာတာမရှိပါဘူး။

ဒီကနေ့ဆွေးနွေးတာမှာ မကြာခင်မှာ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကော အထိုးရသေးတဲ့ တိုင်းရင်း သားအဖွဲ့တွေကော ပါဝင်ပြီး ၂၁ရာစုပင်လုံမှာ ဆွေးနွေးမယ့် အမြင်သဘောထားတွေကို စုစည်းနိုင်ဖို့အတွက် ထိပ်သီးညီလာခံ တခုကို ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပဖို့ ဆောင်ရွက်နေ ပါတယ်။ ဒီညီလာခံကိုတော့ ဇူလိုင်လအတွင်းမှာ ကျင်းပဖို့ စီစဉ်နေတာပါ။ ဒီကျင်းပမှာကို တပ်ပိုင်းဆိုင်ရာဘက်ကို လုံခြုံရေးပေးဖို့ ဒီကနေ့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံစဉ်မှာ တင်ပြခဲ့ တယ်လို့ ဦးခိုင်စိုးနိုင်အောင် ကပြောပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ဒီအပေါ်လက်ခံ သဘောတူခဲ့တယ် လို့ပြောပါတယ်။

ဒီ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေဟာ မနေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG