သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်သစ် အီရန် စမ်းသပ် ပစ်လွှတ်


မြေပြင်ကနေ မြေပြင်ပစ် ဒုံးလက်နက်သစ် တခုကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်ခဲ့ပြီလို့ အီရန် ကာကွယ်ရေးဝန်ကြီး Ahmad Vahidi ကပြောပါတယ်။ Qiam အမှတ် (၁) ဒုံးလက်နက်ဟာ ကြားဖြတ် ဖျက်ဆီးခံရနိုင်တဲ့ အခြေအနေ နည်းအောင် အဆင်မြင့် လမ်းပြစနစ်နဲ့ လုပ်ထားတယ်လို့ ဝန်ကြီး Vahidi ရဲ့ အပြောကို အီရန် Press ရုပ်သံသတင်းမှာ ဖေါ်ပြပါတယ်။

ဒီ ဒုံးလက်နက်ဟာ ပစ်မှတ်ကိုမလွဲဘဲ ထိမှန်နိုင်တယ်လို့လည်း ပြောပါတယ်။ တီဟီရန်မြို့တော်မှာ ဒီနေ့ သောကြာနေ့ ဝတ်ပြုပွဲမှာ သူက ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဒုံးလက်နက်ကို ဘယ်တုန်းက စမ်းသပ်ပစ်လွှတ်သလဲ၊ အကွာအဝေး အတိအကျ ဘယ်အထိ သွားနိုင်သလဲ ဆိုတာကိုတော့ သူက မပြောပါဘူး။

လူသူကင်းဝေးတဲ့ နေရာတခုမှာ ဒုံးလက်နက်ကို ပစ်စင်ပေါ် တင်နေတဲ့ပုံတွေကို သတင်းမှာ ပြထားပါတယ်။ ရုရှားက ပေးတဲ့ လောင်စာတွေနဲ့ အီရန်က Bushehr နျူကလီးယား ဓါတ်အားပေးစက်ရုံ စဖွင့်မယ်လို့ မျှော်လင့်နေချိန် ၁ ရက်အလိုမှာ အခုလို ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်တဲ့ သတင်း ထွက်ပေါ်လာခဲ့တာပါ။

XS
SM
MD
LG